ကျနော် ရေမိုးချိုး အဝတ်အစား လဲ အားလုံးပြင်ဆင်ပြီးကာ ကျောင်းသွားဖို့ အသင့်ဖြစ်နေချိန် ,
" Se Hun...မနက်စာ စားမယ်"
ခေါ်သံကြောင့် ထမင်းစားပွဲဝိုင်းရှိရာ ဆီ သွားတော့....
မနေ့ညက Tao ကို နှိမ့်သိမ့် ရုံမက
Hotelထိ လိုက်ပို့် ချောင်းမြောင်းပေးခဲ့ရ၍
ဥဥ့်နက်မှ အိပ်ပြန်ရောက်ကာ,အိပ်ရေးပျက်လို့ မြင်ချင်တာတွေဘဲ မြင်နေရသလားလို့ သေချာအောင် မျက်လုံးကို ပွတ်ကာ
ပြန်ကြည့်လိုက်သည်.ဒီနေ့ ဘာနေ့မို့တုန်း?
မွေးနေ့?
မဟုတ်ပါဘူး...
ဒီလ ထဲ ဘယ်သူ့ မွေးနေ့မှ မရှိပါဘူး....
" ဘယ်လိုလဲ...မထင်ထားဘူးမလား "
အသံပိုင်ရှင်က ဟင်းရည်အိုးကြီးကို ပိတ်စထူနှင့်
ဖိကိုင် မ ကာ စားပွဲဝိုင်းကြီးပေါ် ချလိုက်သည်.များပြားလှသော ဟင်းအမယ် များသည် စားပွဲပင်ပြိုကျ
လောက်သည်." ထိုင် Se hun မနက်စာကို ပုံမှန် စားပေးရမယ်.
Ommaက မင့်ကို သေချာဂရုစိုက်ဖို့မှာထားတယ်လေ
ဟွန်းး"ကြောင်တောင်တောင် နှင့် ထိုင်ခုံကို လှမ်းဆွဲထိုင်လိုက်တော့...
ကျနော့် ရှေ့ မှာ ထမင်းပန်းကန်လုံးဖြူ ,တူ ,ဇွန်း
စနစ်တကျ ဂရုတစိုက်လေး လာချပေးသွားသည်.' မင်း ခြေ လက် အင်္ဂါ စုံပါတယ်နော် '
'အင်းလေ '
'အာ့ဆို ကွကို ယူလေ ,လုပ်လေ .သူများအကူညီယူရအောင် အိုနာကျိုးကန်း နေတာလဲမဟုတ် '
ပန်းကန်ဘီရိုစင်နားရပ်နေသူအား ဇွန်းကလေး လှမ်းယူ
ခိုင်းမိသည်ကို ထိုသို့ ပြောခဲ့သူက '
ဒီမနက်မှ....Kim Jong In ဘာဆေးတွေများ စားမှားထားတာလဲ!
စားမှားရအောင် ခုမှ စားဖို့သောက်ဖို့ လုပ်နေတာဆိုတော့.. .