.10.

6.5K 594 51
                                    

"Way!!!!!"

"Holidays! !!yeah!!! "

အတန်းထဲက ထွက်​လိုက်​သည်​နှင့်​ ...
ကျောင်းဝန်းထဲ ​မေးခွန်း စာရွက်​များ ​လေ​ပေါ်မှာ ပျံဝဲလို့
ကျောင်းသူ​ကျောင်း ​သားများ ၏ ​ပျော်​ရွှင်​စွာ ​အော်​ဟစ်​မြူးတူးသံများနှင့်​ ခုန်​​ပေါက်​​နေကြသည်​ကို ​တွေ့ရသည်​.

ဒါ​တောင်​ အပြီးအပိုင်​ ​​ကျောင်းပိတ်​သွားတာ မဟုတ်​​သေး..

ဖြေနိုင်​မ​ဖြေနိုင်​​ကြောင်း ​မေးသံမကြား holidays
Planများ ​မေးမြန်းကာ အပြန်အလှန်ေ​​​ပြာဆို နေကြသည်​ကိုသာ ​နေရာတိုင်းကြား​ရသည်​.

"ဘယ်​လိုလဲ jong in.မင်း​ရော..တကယ်​အိမ်​မပြန်​ဘူးလား?"

နံ​ဘေးမှ taeminက ​ကျောင်းဝန်းထဲမှ စုရုံးစုရုံး
နှင့်​ group.ပုံ sefieဆွဲ​နေကြသူများကို ပြုံးကာ
ဝေ့ဝိုက်​ကျိရင်း ​မေး​နေသည်​.

ကျ​နော်​ က​တော့ ကျ​နော့်​ထက်​ အရင်​ အတန်းထဲမှ
ထွက်​သွားသူကို ​ကျောင်းဝန်းထဲ မသိသာ ရှာရင်း
ဖြေလိုက်​သည်​.

"အင်း​လေ..ငါ မင်းနဲ့ အက သင်​တန်းတက်​ မယ်​လို့​ပြောထားပြီဘဲကို..."

"ငါက​တော့ အ​ဖော်​ရလို့ ဝမ်းသာတာ​ပေါ့...ဒါ​ပေမဲ့..
ငါသာမင်း​နေရာဆို အိမ်​ပြန်​မိမှာ သိလား "

"ဟွန်း မင်း min ho.hyung နဲ့ dating ကို ငါ လိုက်​ရှုပ်​မှာစိုးလို့မလား "

"Ya..jong in!..ငါ​ပြောချင်​တာ အဲလိုမဟုတ်​ဘူး​နော်​!"

ကျ​နော်​က ဒီတိုင်း ​နောက်​လိုက်​တာကို taemin
က ရှက်​ကိုးရှက်​ကန်း​ဖြစ်​​နေမှန်း နံ​ဘေးကို လှည့်​ကျိမှ
တွေ့ရသည်​.

" ya..မင်း ပါး​တွေ နီ​နေတာလား tae min?ဟားဟား"

" ဘာ..! Ya...!kim jong in! "

"Hhhhhhhha"

" ya..ခန ဟိုမှာ sehun မလား "

ကျ​နော်​ taemin ကို ကြည့်​ကာ အူလှိုက်​​သေးလှိုက်​ရယ်​​နေမိစဉ်​ taeminအသာလက်​ပုတ်​ကာ ပြ​သော
နေရာသို့ ကြည့်​မိစဉ်​ ကျ​နော့်​ပါးစပ်​က ရယ်​သံထွက်​မလာ​တော့​ချေ...

That's RightHikayelerin yaşadığı yer. Şimdi keşfedin