.16.

5.5K 480 110
                                    


ကျောင်းပိတ်ရက်ပြီးသည်နှင့်ရောက်လာသော...

ဒုတိယနစ်ဝက် တဖြစ်လဲ အထက်တန်းနောက်ဆုံးစာသင်နစ်၏ ပထမဆုံး
ကျောင်းဖွင့်ရက်၏.....

ပထမအချိန်သည် အတန်းပိုင်ဆရာ၏ ကြိုဆိုနှုတ်ဆက် အမှာစကားတွေနှင့် ကုန်ဆုံးသွားပြီး...

မကြာပါ...
နောက်ဆက်တွဲ အချိန်များ တွင်လည်း ဆရာ ဆရာမ များက နောက်ဆုံးစာမေးပွဲကြီးက ဘဝအတွက် ဘယ်လို အရေးပါပူံနှင့် ထိုစာမေးပွဲကြီး အတွက် မှတ်သား ပြင်ဆင်ဖွယ်များကို သင်ခန်းစာတွေထက် အလေးပေးကာ ပြောသွားသည်က တမနက်ခင်းလုံးပင်ဖြစ်၍..

ကျောင်းသားများကတော့ စာမသင်ရလေ ကြိုက်လေ
အမျိုးအစားများ ဖြစ်ကြတော့ မေးခွန်းပေါင်းစုံ
မေးလိုက် ရည်မှန်းချက်ပေါင်းစုံပြောလိုက်နှင့်
ဂိမ်းစကားသူ စိတ်မဝင်စားသူ ဟူ၍ မရှိရလောက်အောင် ပင်  အသက်ဝင်နေသော  စာသင်ချိန် ဖြစ်နေခဲ့သည်လေ....

စာမသင်ရတော့  နေ့လည်စာ ထမင်းစား အားလပ်ချိန်က
ခနတွင်းရောက်သွားသည်ဟု ထင်ရပါသည်...

" Sehun ကျောင်းမှာဘဲ စားမှာမလား ? "

စာအုပ်ကို ခုံအောက်ထည့်လိုက်ရင်း
Chanyeol အမေးကို ဖြေပေးလိုက်သည်.

"အင်းလေ...."

"အာ့ဆို အတူသွားကြမယ်..အစက ငါတို့နစ်ယောက်က.. အပြင်သွားစားမလား လုပ်နေတာ..
ချွေတာရေးစီမံကိန်းဝင်နေလို့ ကျောင်းမှာဘဲ စားတော့မယ်လို့ အဟီး..."

" Se hunnnnnar. ... "

" ya ! မင်း ဘယ်လိုဖြစ်နေတာလဲ !"

အူမြူးထူးနေသည့် အသံနှင့် နောက်လိုင်းက ကျနော့်
နေရာဆီ ရောက်ချလာတဲ့ jongin က ကျနော့်ပုခုံးကို
ဆွဲဖက် လိုက်၍ ကျနော် အလန့်တကြား ရုန်းဖယ်လိုက်ရသည် !

အတန်းထဲမှာကြီးလေ !

" မင်းကိုမှ မေးရမှာ ဘယ်လိုဖြစ်နေတာလဲလို့..."

" ya a! !!"

တဖန် ကျနော့် ခါးးကိုပြန် ဆွဲ ဖက် လာသည့်
Kim jong in ကို ကျနော့်နံဘေးက
Chanyeolနှင့်Beakhyun ကတော့ မနိုင် ' ဟူသော အကြည့်ဖြင့် သာ ရပ်စောင့်ကျိ နေတော့သည် !

That's RightHikayelerin yaşadığı yer. Şimdi keşfedin