ကျွန်တော်သူ့ဘဝထဲသို့.....ဆင့်ခေါ်စာမပါပဲ
ဝင်ရောက်လာသောနေ့မှစ၍....သူသည်
ပြောခဲ့သည့်အတိုင်းပင်....ကျွန်တော့်မနက်ခင်းများကို...
လျစ်လျူရှုမှုများဖြင့်နိုးထစေပြီး....
ဥပေက္ခာများနှင့်အိပ်ယာဝင်ညများ
ကိုဖန်တီးခဲ့သည်....ခေါင်းမာလှသော..သားဖြစ်သူ၏..
စိတ်ကိုနောကျေနေပုံရသော...သူ့ommaသည်...
လက်ထပ်ပြီးနောက်တစ်နေ့တွင်.....
ကိုးရီးယားနိုင်ငံအတွင်း
ထုတ်ဝေသမျှသတင်းစာတိုင်း၏...ခေါင်းကြီးပိုင်းတွင်..
ကျွန်တော်တို့လက်ထပ်ပွဲအကြောင်းထည့်ကြေညာလိုက်
ခြင်းအားဖြင့်...သူ့အားမရုန်းထွက်နိုင်အောင်ချည်နှောင်
လိုက်ပုံရသည်.....mediaနှင့်လူထုများ၏...တုံ့ပြန်မှုသည်...
ကြောက်ခမန်းလိလိမြင့်တက်စွာ....
ပွင့်လင်းမြင်သာလာသော..ခေတ်စနစ်အရ..
ကန့်ကွက်မှုများမှာ...သိပ်တော့မဆိုးဝါး...
အထူးသဖြင့်...မိန်းကလေးအများ၏...
အသည်းကျော်အိပ်မက်သခင်ဖြစ်သော...
သူ့အားနှမြောသည့်စိတ်ပင်ဖြစ်မည်...ကျွန်တော်တို့အကြောင်းကိုမတူညီသော..mediaများက....ကျောင်းတော်က...တိတ်ဆိတ်သော...
ချစ်ခြင်းဟူ၍....လည်းကောင်း...
မိဘစကားနားထောင်ကြသော...သားလိမ္မာနှစ်ဦး၏..
လက်ထပ်ပွဲဟူ၍တစ်ဖုံ....အချစ်ကိုအစပြုရန်
ဦးတည်နေကြသော...ယောက်ျားသားနှစ်ဦးဟုလည်းဆို၍..
အမျိုးမျိုးအဖုံဖုံ..ရေးသားဖော်ပြသည်....ကာယကံရှင်ကျွန်တော်တို့နှစ်ဦးအား
တွေ့ဆုံမေးမြန်းကြသော...အင်တာဗျူးများတွင်..
သတင်းထောက်၏...ကျွန်တော်နှင့်ပတ်သက်၍...
မေးသော..မေးခွန်းများကိုဖြေကြားသောသူ့အဖြေသည်....အနည်းငယ်မျှလောက်နားထောင်ကောင်းအောင်...
သိက္ခာဆယ်ရုံထက်မပို...ကျွန်တော့်အပေါ်စိတ်မရှိသည်ကိုခန့်မှန်းမိကြသော..
လေဒီအပေါင်းများသည်.....သူ့အနားတွင်
တစ်ဝဲလည်လည်ဖြစ်တုန်းပင်....သူ့လက်တွဲဖော်အဖြစ်ရှိသောကျွန်တော့်နောက်ခံနှင့်...
ခပ်တည်တည်သာနေတတ်သော...သူ့ပုံစံကြောင့်သာ..
ရုပ်ပျက်လောက်အောင်မဆိုးဝါးခြင်းပင်...တစ်အိမ်တည်းတွင် အတူနေထိုင်ကြသော..သူနဲ့ကျွန်တော်သည်..
မိုင်ပေါင်းများစွာကွာဝေးသော...နိုင်ငံခြင်းခြားနေသော..
လူများလို....ဝေးကွာဆဲ....
YOU ARE READING
Apology
Fanfiction#တောင်းပန်ပါတယ်......နှလုံးသားကိုချပြမိတဲ့အတွက်....# Hunhan(yaoi)