နေရောင်ခြည်ဝင်းပပသည်
ပြတင်းတံခါးအားတိုးဖောက်ကာ
အဖြူရောင်မနက်ခင်းထက်တွင်စံမြန်းလျက်ရှိသော
နတ်သားလေးထံသို့ မဝံ့မရဲခစားလျက်ရှိသည်..ထိုနတ်သားတစ်ဖြစ်လဲ ချစ်ရသူသည်
မနက်ခင်းအလင်းရောင်စူးစူးရှရှထက်တွင်
အပူပင်ကင်းစွာ ကျွန်တော့်ရင်ခွင်ထဲ
နှစ်နှစ်ခြိုက်ခြိုက်မှေးစက်လျက်ရှိသည်...ထို အချင်းအရာသည် အဖိုးမဖြတ်နိုင်သော
လက်ဆောင်ဖြစ်ပေသည်..ဒင်းလေးနိုးလေမလားဆိုပြီး..စောင့်ဆိုင်းနေရာ
ထိုကောင်လေးမှာဖြင့်
ယခုထက်တိုင် အိပ်မက်ကမ္ဘာထဲမှ
နိုးထခြင်းရှိတော်မမူ..."ဟိတ် Xiao Lu!ထတော့လေ
မိုးစင်စင်လင်းလို့ နေတောင်ပြန်ဝင်တော့မယ်
ထတော့နော် ကုမ္ပဏီသွားဖို့ အတော်ကြီး နောက်ကျနေပြီ"ဖြူနုနုပါးပြင်အားဖိကပ်နမ်းရှိုက်ကာ
အသာလှုပ်နိုးလိုက်သော်လည်း
ကောင်ကလေးသည် စကားနားထောင်ချင်ပုံမရပဲ
ပွင့်ချင်လျက် မျက်လုံးအားစုံမှိတ်ကာ
ရင်ခွင်ထဲ အတင်းတိုးဝင်လာပြန်သည်..မနက်တိုင်း ဂျစ်နေကြ အပြုအမူပင်..
"ထတော့ဆို နောက်ကျနေပြီလို့
ပြောစကားနားထောင်ပါကွာနော်..""အာ မထချင်ဘူးဆို အိပ်ချင်သေးတယ်.
မင်းထချင်ရင်မင်းဘာသာထ ဒါပဲ"တစ်ချက်လွှတ်အမိန့်နဲ့ ပြန်အိပ်ရန်ကြိုးစားပြန်ပြီ....
"အို မင်းမပါပဲ ဘယ်တုန်းက မနက်စာစားပြီးအလုပ်သွားဖူးလို့လဲ"
ကျွန်တော့်လေသံ ပျော့သွားခါမှဖြင့်
တကယ်လားဆိုပြီး ပြောင်စပ်စပ်ရုပ်ဖြင့်
သန့်စင်ခန်းထဲဝင်သွားလေသည်.."ကားမောင်းရင်ဂရုစိုက်နော်.."
"အင်း"
YOU ARE READING
Apology
Fanfiction#တောင်းပန်ပါတယ်......နှလုံးသားကိုချပြမိတဲ့အတွက်....# Hunhan(yaoi)