"Hyung ...အဲ့ဒီလောက်
ရက်စက်ပြမှဖြစ်မှာလား..""ဟက်...ဒီလောက်လုပ်ပြနေတာတောင်
အခုချိန်ထိ ...ဘာအရာယွင်းသေးလို့လဲ.."ကုတင်ထက်က ကောင်လေးသည်..
နားမလည်နိုင်ခြင်းကြီးစွာ ကျွန်တော့်အား
ငေးမောကြည့်ရှုနေ၏..မဆိုင်သူများအား ...လုပ်ကြံဖန်တီးခံထားရသော
ဇာတ်လမ်းအတွင်း ပါဝင်ကပြခိုင်းရခြင်းအား
အမှန်တကယ်ပင်စိတ်မကောင်းခဲ့"4နာရီခွဲတော့မယ် Hyung
ခနနေ Hyung ချစ်သူရောက်လာတော့မယ်လေ.."Jhon Young ၏ သတိပေးစကားသည်
နှလုံးသားအား အဝေးလို့ လွှင့်ပစ်ခံလိုက်ရသည့်
ခံစားချက်အား အသက်ဝင်လာစေ၏..အိပ်ယာထက်မှာ
အခြားသောယောကျာ်းတစ်ယောက်
နှင့် အတူရှိနေသည့် ကျွန်တော့်ကို
သူဘယ်နည်းနှင့်မျှ
မကြည်ဖြူနိုင်တော့မည်မှာသေချာ၏..ကိုယ့်အတွေးဖြင့်ကိုယ်အားရကာ
နာကျင်စွာပင် ပြုံးနေရသည်...ရင်ဘက်ထဲက နာလွန်း၍
ခဲထားခံရသော
နှုတ်ခမ်းတစ်စုံက ကျင်လွန်းခဲ့ပြီ...ကုတင်ထက် တင်ပလွှဲထိုင်နေသော
ကောင်လေးသည် ကျွန်တော် ငြိမ်သက်နေသည်အား
အမှန်တကယ်ရိပ်မိသောကြောင့်ထင်ရဲ့"Hyung ကျွန်တော့်ကို အားနာနေတာလား
ဒါမှမဟုတ် Sehun Hyung နာကျင်မှာကို
မကြည့်ရက်တာလား.."ကောင်လေးက ရယ်ဟဟမေးလာသော
အခါ ဟန်မဆောင်နိုင်စွာ အကြည့်လွှဲလိုက်ရသည်.."အင်း ...အဲ့ဒါလည်းပါတာပေါ့လေ..
ငါမချစ်တာမှ မဟုတ်ပဲကိုး""ဟင်း..."
"တကယ်တော့ Hyungတို့နှစ်ယောက်လုံးမမှားဘူး
ကံတရားကိုက အပြစ်တင်တာကို ခံချင်နေတာလေ"တိတ်ဆိတ်သော အခန်းအတွင်း လေတိုက်၍
ဝေ့ဝဲသွားသော ခန်းဆီးအဖြူရောင်များ
နှင့်အတူ သက်ပြင်းချသံတစ်ချို့သာ
လွှမ်းမိုးနေခဲ့၏..
YOU ARE READING
Apology
Fanfiction#တောင်းပန်ပါတယ်......နှလုံးသားကိုချပြမိတဲ့အတွက်....# Hunhan(yaoi)