"အရမ်းကြီးစိတ်မပူပါနဲ့ Sehun shi..
ကျွန်တော် ဆေးထိုးပေးခဲ့မယ်လေ..""ဆရာဝန်တစ်ယောက်လုံးပြောနေတာကို
နားထောင်ပါကွယ်..
ငါ အခု သက်သာနေပြီဟာကို"နေ့တိုင်းနေ့တိုင်း ကျွန်တော်
ပြိုလဲကျသွားသည့်အချိန်တိုင်း
ပြိုတော့မယ့်မိုးလို ဖြစ်ဖြစ်သွားတတ်တဲ့
Hun..အဲ့ဒါတွေကြိုမြင်လို့ လက်လွှတ်ဖို့်ပြောခဲ့တာလေ..
မင်းမှ နားမထောင်ပဲHun..."Doctor Kimကိုပြန်ပို့လိုက်ဦးလေကွာ
သွား..သွား..အောက်ဆင်းတော့ာ.""ရပါတယ် Luhan shi..
ကျွန်တော်ကိုယ့်ဘာသာပဲပြန်လိုက်ပါ့မယ်..
Luhan သာစိတ်ပြောင်းသွားရင်
အချိန်မရွေးဆက်သွယ်လိုက်ပါ...."Doctor Kim၏..ခပ်ပြုံးပြုံးစကားသံကို
အိပ်ယာထက်မှ ကျွန်တော်သည်
ခပ်ယဲ့ယဲ့အပြုံးဖြင့်သာ တုံ့ပြန်နိုင်တော့သည်.."Xiao Lu..ငါခနလိုက်သွားလိုက်ဦးမယ်..
ခနပဲ ပြန်လာခဲ့မယ်နော်.""အင်းပါ ...."
ကျောခိုင်းကာထွက်သွားသော
Hunကိုကြည့်ရတာ စိတ်မသက်သာလှ..Hunသည် အတော့်ကိုပိန်ကျသွားရှာသည်..
?........?..........?........?......
"Doctor kim ခနလောက်ထိုင်ပါဦး"
Doctorသည် အားနာရိပ်များလွှမ်းခြုံသော
မျက်ဝန်းများဖြင့် မျက်နှာချင်းဆိုင်လာသည်.."ကျွန်တော် ဘာဆက်လုပ်သင့်သလဲ Doctor"
လူနာရှင်ထံမှ မချိတင်ကဲ အမေးစကားကြောင့်
Doctor kim သက်ပြင်းကိုသာ နာနာချမိသည်..ကောင်လေးနှစ်ယောက်လုံးသည်
လွန်စွာသနားစဖွယ်ကောင်းလေစွ...Doctor kim ၏
ဆရာဝန်သက်တမ်းတစ်လျှောက်တွင်
အသက်ရှင်ရန် Chance လုံးဝမရှိသည့်..
လူနာအမျိုးမျိုးဖြင့်တွေ့ကြုံခဲ့ရသည်..
YOU ARE READING
Apology
Fanfiction#တောင်းပန်ပါတယ်......နှလုံးသားကိုချပြမိတဲ့အတွက်....# Hunhan(yaoi)