main Cast:Chanyeol ♡Kyungsoo
နွေရာသီရဲ့ မနက်4နာရီ မိဘမဲ့ဂေဟာရှေ့မှာ Chanyeol တစ်ယောက်
အထုပ်အပိုးတွေတင်ထားတဲ့ ကားနားရပ်နေတယ် ခဏကြာတော့ 'ကျွီ' ဂေဟာရဲ့တံခါး ပွင့်လာတာနဲ့အတူ
" Ya !!Park chanyeol မင်းရန်ဖြစ်လာပြန်ပြီလား စောစောစီးစီး"
အိပ်ရာနိုးတဝက်မနိုးတဝက်နဲ့ သူအလောတကြီးဖုန်းဆက်လို့သာ ထွက်လာတဲ့ kyungsoo သူ kyungsoo ကို တခြားသူငယ်ချင်းတွေထက် ခင်မိသည်မှာ ဒါတွေကြောင့်လည်းပါတယ်လေ kyungsooက သူလိုအပ်တဲ့အချိန်တိုင်း အမြဲ ကူညီတတ်တယ်လေ ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ်ပေါ့Yeol: ဟုတ်တယ် ငါရန်ဖြစ်လာတယ်
Chanyeolတစ်ယောက်ငိုသံကြီးနဲ့ပြောလိုက်တော့
Kyungsoo မျက်လုံးပွင့်လာပြီ
Soo: ya ya ya!!ဘာဖြစ်တာလဲ မင်း ခံလိုက်ရတာလား ပြောစမ်း ဘယ်ကောင်တွေလက်ချက်လဲ ငါသွား ချမယ်
ဒေါသသံအပြည့်နဲ့kyungsoo သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းကို ဒီလိုအနိုင်ကျင့်တာတော့မခံနိုင်ပေ
Yeol : တကယ်သွားချမှာလား kyungsoo a
Soo: တကယ်ပေါ့ဟ မြန်ြ မန်ပြောစမ်းပါ ဘယ်ကောင်တွေလဲ
Kyungsoo စိတ်မရှည်တော့ဘူး နဂိုကတည်းက စိတ်မြန်လက်မြန် ရှိ တယ်လေ
Yeol: ငါ့ အဖေ
သူပြောလိုက်တဲ့ အဖြေကြောင့် soo တစ်ယောက် တုန့်ဆိုင်းသွားသည်
Soo:ဦး.. ဦးလေးနဲ့ လား
Yeol:အင်း သွားချမယ်ဆိုသွားလေ သွား သွားရွဲ့သလိုနောက်သလိုနဲ့
Soo: ya!ငါကရူးနေလို့လား အသက်အိုးကွဲအောင်
ဟုတ်ပါတယ် အသက်ပါရှုံးနိင်ပါတယ် chanyeol အဖေက သွေးဆိုးရင် အင်မတန်ကြောက်စရာကောင်းတဲ့သူဆိုတာကို kyungsooကောင်းကောင်းကြီးသိတာပေါ့
Chanyeol တစ်ယောက် ပြုံးလိုက်ပြီး
Yeol::wae??ခုနကတော့ ချမယ်ဆို ကြောက်ပြီလား ဟား
Soo::ငါက ချမယ်လို့ပဲပြောတာ သွားအသေခံမယ်လို့မပြောပါဘူး ငါသာမင်းအဖေရှေ့ရောက်တာနဲ့ သေမှာပဲ ဘာလဲ မင်းကငါ့ကိုသေစေချင်ပြီလား
Yeol:အင်း
Kyungsoo chanyeol ကိုစိုက်ကြည့်လိုက်သည်
Soo::အဲ့လိုဆိုရင်တော့ ထိုင်ငိုလိုက်တော့ ငါက လွယ်လွယ်နဲ့သေမယ့်လူစားမျိုးမှမဟုတ်ဘဲ ဟဲဟဲ
Yeol::😕 ငါကလည်းစတာပါကွာSoo::ဒါနဲ့ မင်းအဖေနဲ့ဘာဖြစ်ကြတာလဲ
Yeol::အဲ့အကြောင်းမပြောခင် မင်း ပစ္စည်းတွေအရင်သိမ်းခဲ့
Sooတစ်ယောက်ကြောင်သွားသည်
Soo:ဘာလို့လဲ
Yeol:ငါနဲ့ အိမ်အသစ်မှာလိုက်နေကွာ ငါတစ်ယောက်တည်းမနေချင်လို့ ဖြစ်တယ်မလား
Soo : အင်း ငါ ဂေဟာမှူးကိုပြောလိုက်ဦးမယ်
စောင့်နေ
Sooလည်း ဂေဟာထဲပြန်ဝင်သွားသည် chanyeolကတော့ ကားကိုမှီပြီးရပ်စောင့်နေသည်