All of me
Chansoo ( yaoi )
Part 38Chanyeol : ပြောမှာလား မပြောဘူးလား
ဆေးရုံရဲ့ အခန်းတစ်ခုထဲက ကုတင်ထက်မှာ ဆေးသွင်းပိုက်နဲ့ ထိုင်နေတဲ့ kyungsoo ကို ကုတင်ဘေးက နေ chanyeol က မတ်တပ်ရပ်ခါးထောက်ပြီးမေးနေလေသည် သို့သော် kyungsoo ကတော့ လက်နှစ်ဖက်ကိုယှက်ထားကာ chanyeol ကိုမော့ကြည့်ပြီး ခေါင်းသာခါပြသည်
Chanyeol သက်ပြင်းချလိုက်ပြီး ကုတင်ဘေးက ခုံပေါ် ထိုင်လိုက်သည်
Chanyeol : ဟုတ်ပြီ မင်းမပြောလဲ kai ကို မေးလို့ရတာပဲ
မနေ့က ညဥ့်နက်ထိ kyungsoo ပြန်မရောက်သေးတာကြောင့် သူတော်တော်နဲ့ အိပ်မပျော်ခဲ့ မနက် ရောက်မှ kai ဖုန်းဆက်အကြောင်းကြားတာကြောင့် kyungsoo ဆေးရုံတက်နေရကြောင်း သိခဲ့ရသည် ဘာ့ကြောင့်ဆိုတာတော့ ခုထက်ထိ မသိရသေး မေးတော့လဲ ဖြေမှမဖြေဘဲ လူကတောင် နေ့လည်ပိုင်းလောက်မှ သတိပြန်ရလာတာကို
Kyungsoo : မေးပေါ့ kai ကဖြေမှာကြနေတာပဲ
တိုးတိုးလေးသာ ပြောလိုက်ခြင်းဖြစ်သည်
Chanyeol : ဘာပြောတာလဲ
Kyungsoo : ဘာမှမပြောဘူး ...ဒါနဲ့ ညနေကျရင် မင်းရဲ့ album မိတ်ဆက်ပွဲရှိတယ်မလား
Chanyeol : အင်း အဆင်ပြေပါ့မလားမသိတော့ဘူး
Kyungsoo : အားလုံး ok မှာပါ
Chanyeol :အင်း ပြီးတော့ ဦးလေး ဆန်းအာရောက်နေတယ်လို့ကြားတယ်
Kyungsoo : ဦးလေးဆန်းအာ ??
Chanyeol : jinna ရဲ့အဖေလေ ငါ့ကို အနှောင့်အယှက်ပေးမယ့် လူတစ်ယောက်
Kyungsoo : ဘာလို့
Chanyeol : ပြောရရင်နည်းနည်းရှုပ်တယ် ပြန်လာမှ သေချာပြောပြမယ် မင်းက ဒီမှာနေပြီးတော့ ငါ့အတွက်ဆုတောင်းပေးထား မယ်မလား
Kyungsoo ရဲ့ လက်ပေါ်က chanyeol ရဲ့ လက်တွေကို ပြန်ဆုပ်ကိုင်လိုက်ပြီး
Kyungsoo : အဟမ်း....ကျွန်ုပ်Do kyungsoo သည် ဟောဒီက အမောင်လူသား park chanyeol အား အင်မတန်ပင်ချစ်ခင်မြတ်နိုး စုံမက်လှပါသည် ဤမှန်သောစကားကို တိုင်တည်ထားပြီးတော့ ကျွန်ုပ်၌ရှိသော မြင်နိုင်သော မမြင်နိုင်သော စွမ်းအားပကားများသည် အမောင်chanyeol အား ကာကွယ်စောင့်ရှောက်ပါ ....မွ (ပါးနမ်းတာပါနော် 😁)
![](https://img.wattpad.com/cover/84272366-288-k570156.jpg)