ALL OF ME
CHANSOO (YAOI )
PART 32Chanyeol : kyungsoo a
ခေါ်သံကြားတာနဲ့ chanyeol မှန်းkyungsooသိလိုက်ပါတယ် အဲ့တော့လှည့်မကြည့်တော့ဘဲချက်ချင်းထွက်ပြေးဖို့လုပ်တာပေါ့ ခြေတံရှည် လက်တံရှည် chanyeol ကလည်း ဘယ်ရမလဲ အမိအရလိုက်တယ် ကျန်ခဲ့တဲ့ kai ကတော့ အလိုက်သိစွာ ဘေရှင်းပြီး ပြန်သွားတယ်
Chanyeol : kyungsoo a kyungsoo a
တော်တော်လေး လိုက်လာပြီးမှ kyungsoo ကို မျက်ခြည်ပြတ်သွားတယ်
Chanyeol : တောက် အသုံးမကျလိုက်တာ park chanyeol ရာ
ကိုယ့်ကိုယ်ကို အပြစ်တင်ဒေါသထွက်ပြီး ခေါင်းတကုပ်ကုပ် သက်ပြင်းတချချနဲ့ ထိုနေရာကနေ ထွက်သွားတော့မှ စည်ပိုင်းတွေကြားထဲက kyungsoo တစ်ယောက် ငိုနေလေရဲ့
" mian chanyeol a mian ...ငါအခုထိ မင်းရဲ့ရွေးချယ်မှုကိုကြောက်နေတုန်း ပြီးတော့ mian chanyeol ငါ က သန့်ရှင်းတဲ့သူမဟုတ်တော့ဘူး အရင်က kyungsoo လိုနေလို့မရတော့ဘူး mian "
စည်ပိုင်းတွေကြား အကြာကြီးနေပြီးမှ အိမ်သို့ပြန်လာသည် အိမ်လို့မဆိုသာသောအိမ်ပါ အခန်းလေးတစ်ခန်းထဲတွင် စားပွဲတစ်လုံးနဲ့ ဆိုဖာတစ်ခု ခုံတစ်လုံးသာရှိသော အခန်းကျဉ်းလေး
" hk do kyungsoo ....ဒီနေရာနဲ့တောင်အသားကျနေပါရောလား "
ဆိုဖာပေါ်ကို အနွေးထည်ပစ်တင်ပြီး ခန္ဓာကိုယ်ကိုပါလဲလျောင်းလိုက်သည်
" တစ်ရေးလောက် အေးဆေးအိပ်ရရင်ကောင်းမှာပဲ "
########################
တစ်ဖက်ကလည်း လမ်းဘေးဆိုင်မှာလူမှန်းမသိအောင်မူးနေတဲ့ chanyeol
ဒု : ဒီကောင်လေးကတော့ လူကို ဒုက္ခပေးတာပဲ
C.E.O : တော်သေးတာပေါ့ လူရှင်းနေလို့ မြန်မြန်ခေါ်သွားရအောင်
ဒု : အင်း
ဒုလည်း Chanyeol ကိုယ်ကြီးကို မနိုင်တနိုင်ထိန်းကာ ကားပေါ်ခေါ်တင်သွားရသည် ဒုက ရှေ့ကနေ ဒရိုင်ဘာနဲ့လိုက်ပြီး c.e.o ဆိုသောကပြားရုပ်နဲ့လူက chanyeol နှင့်အတူ နောက်ခန်းကပါလာသည်
လမ်းတစ်လျှောက် chanyeol မူးလာတာလားအိပ်လာတာလားတော့မသိ သူ့ခေါင်းက c.e.o ပုခုံးပေါ် ကျကျလာရာ
![](https://img.wattpad.com/cover/84272366-288-k570156.jpg)