PART 4

1K 115 0
                                    

Soo ဒီနေ့ အစောကြီးထကာ အိမ်သန့်ရှင်းရေးလုပ်နေသည်
Chanyeol သိသိကြီးနဲ့ မကူညီပဲ အိပ်ချင်ယောင်ဆောင်နေလိုက်သည်

SOO ခြံရှေ့ အမှိုက်လာပစ်တော့ JINNAကိုတွေ့လိုက်တယ်
SOO: ANNYEONG JINNA SI မနက်စောစောဘယ်သွားမလို့လဲ
JINNA:သွားမလို့မဟုတ်ဘူး KYUNGSOO SI ရပ်ကွက်ထဲ တစ်ပတ်ပြေးပြီးပြန်လာတာပါ
သူတို့နှစ်ယောက်စကားပြောနေတာကို YEOL အပေါ်ထပ်ကနေ ကြည့်နေတယ်
YEOL အောက်ထပ်ဆင်းလာပြီး တံခါးပိတ်လိုက်တယ် လူကလဲ တံခါးနားမှာရပ်နေတယ်

SOO:BYE JINNA:BYE
သူတို့နှုတ်ဆက်ပြီး SOO လည်း ခြံထဲ ပြန်ဝင်လာတယ် အိမ်တံခါးနားရောက်တော့
SOO:ဟင် ငါခုနက တံခါးဖွင့်ထားခဲ့ပါတယ် ဘာလို့ပိတ်သွားပါလိမ့် လေတိုက်လို့များလား
......လေလည်းငြိမ်ပါတယ်
သူတစ်ယောက်တည်း ပြောနေတုန်း အထဲကနေ
YEOL:ငါပိတ်လိုက်တာ မင်းဖွင့်နိင်ရင်ဖွင့်
ပြောပြီးအပေါ်ထပ်ကိုတက်သွားပြန်တယ်
SOOလည်း PASSWORD နှိပ်လိုက်တာပေါ့ ဒါပေမယ့်တံခါးကမပွင့်ဘူး
SOO:ဘာလဲ YEOL PASSWORD ပြောင်းလိုက်ပြီလား ဒါက ဒါက ငါ့ကို တမင်သက်သက်ညစ်တာပဲ မဝင်ဘူးကွာ မဝင်ဘူး
ဆိုပြီး လှေကားထစ်လေးမှာ ငုတ်တုတ်ထိုင်နေလိုက်တယ်
##################
" သမီး CHANYEOLနဲ့ အဆင်ပြေအောင်နေနော် "
JINNA:သမီးသိချင်တာရှိတယ်ဖေဖေ
JIN.DAD:ဘာသိချင်တာလဲ
JINNA:ဖေဖေတို့ ဘာလို့ သူ့ကိုဒီလောက်တောင် သားမက်တော်ချင်နေရတာလဲ
JIN.DAD ရယ်လိုက်ပြီး
JIN.DAD: သူ့ကိုသားမက်တော်ချင်တာမဟုတ်ဘူး သူ့ရဲ့ မိဘတွေနဲ့ပတ်သက်ချင်တာ
JINNA :သမီးနားမလည်တော့ဘူးဖေဖေ
JIN.DAD:နောက်တော့နားလည်လာမှာပါ
သမီး ဖေဖေခိုင်းတာကို အဆုံးထိလုပ်ဖို့သဘောတူပြီးသားနော်
JINNA:ဟုတ်ကဲ့ဖေဖေ စိတ်ချပါ

JINNA ဖုန်းချပြီး သူဒီကိုမလာခင်က အကြောင်းတွေကိုပြန်တွေးနေမိတယ်
___________ပြင်သစ်၌________
သူမအခန်းထဲ ထိုင် ငိုနေမိသည် သူမ တကယ် KAIမှလွဲပြီး ဘယ်သူနဲ့မှမယူချင်ပါ
KAIဆိုတာအခြားသူမဟုတ် သူမ ကိုရီးယားမှာ ကျောင်းတက်တုန်းက ရင်းနှီးခဲ့သော သူမ တစ်ဖတ်သက်ချစ်နေရသောသူဖြစ်သည် ပြင်သစ်သို့ပြောင်းလာနေတော့လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် KAI နဲ့ပြန်ဆုံပြီး ရင်ခုန်ခဲ့ရပြန်သည် KAIနဲ့ တစ်နေ့မတွေ့ရ မပြောရရင် မနေနိုင်ဖြစ်ခဲ့ရသည် KAIကလည်းသူ့ကို အလိုလိုက်သဖြင့် သူမစိတ်ထဲမှာ KAIကသူမကိုချစ်နေသည်ဟု ကောက်ချက်ချခဲ့သော်လည်း သူမ အတွေးတွေ လွဲခဲ့ပြီ
သူမ KAIကိုအရဲစွန့်၍ ဖွင့်ပြောခဲ့ပေမယ့် ပြန်ရခဲ့တဲ့ အဖြေက KAIမှာသူမထက်အရင် ချစ်ဦးသူရှိနှင့်နေသည်တဲ့ သူမတကယ်နာကျင်ရပါတယ် သူမရှက်ရှက်နဲ့ KAIကို နောက်ဆုံးပြောခဲ့သည်က သူ့ထက်သာတဲ့သူနဲ့ ယူမယ်လို့လေ
_________________
JINNA တွေးရင်း ပြုံးမိသည် ဒီအကြောင်းကြောင့်လေးနဲ့ ဖေဖေခိုင်းတာကို လုပ်ဖို့ သဘောတူခဲ့သည်လေ
#########################
YEOL ရေမိုးချိုးပြီးဆင်းလာတော့ အိမ်ထဲမှာဘယ်သူမှမရှိ
YEOL အိမ်အပြင်ထွက်ကြည့်လိုက်သည်
တကယ်ပါ KYUNGSOOရဲ့ ခေါင်းမာချက်ကတော့ လေးစားလောက်ပါတယ် sooကိုယ်တော်က လှေကားမှာထိုင် နံရံကို ခေါင်းလေးမှီပြီး အိပ်ပျော်နေလေရဲ့ yeolလည်း နှိုးလိုက်ပြီး
Yeol:Kyungsoo a အိမ်ထဲမှာ သွားအိပ်လေကွာ သူများမြင်မကောင်းအောင် ဘာလို့အပြင်မှာအိပ်နေတာလဲ
Soo မျက်နှာတင်းပြီး
Soo:မင်းပဲ ဖွင့်နိင်မှဝင်ဆို ငါမှမဖွင့်နိင်တာ မဝင်ဘူး ဒီမှာပဲ ဆက်အိပ်မယ်
ပြောပြီး နံရံကိုပြန်မှီပြီး မျက်လုံးမှိတ်လိုက်သည် yeol soo့ ဘေးနားကပ်ထိုင်ပြီး .
Yeol: ya မင်း စိတ်ကောက်နေတာလား
Sooမျက်လုံးတွေကိုပြန်မဖွင့်ဘဲ "အင်း အဲ့ဒါကြောင့်မို့ လာမနှောင့်ယှက်ပါနဲ့" လို့ပြန်ပြောတယ်
Yeol sooကိုကြည့်ပြီး ပြုံးနေမိတယ်
'ကလေးဆန်လိုက်တာkyungsooရယ် ' လို့လည်းတွေးမိတယ်
ရုတ်တရက်..................................
■■■■■■■■■■■■■■■■■

ALL OF ME (Completed)Where stories live. Discover now