PART 36

715 75 5
                                        

All of me
Part 36

အတွေးတွေမှာ ထိန်းချုပ်မှုမရှိ ပဲ့ကိုင်သူမရှိ ဘာအကြောင်းကိုတွေးနေမိမှန်း ကျွန်တော်ကိုယ်တိုင်တောင်မသိ သိတယ်ပဲထား သေချာတာက ကျွန်တော့်အတွေးတွေက ကျွန်တော့် အကြောင်းမဟုတ် ဒါက ကျွန်တော့် ဘဝပဲလေ သူ့အတွက် အသက်ရှင်နေခဲ့တဲ့ ကျွန်တော်....

Chanyeol : Kyungsoo a

Chanyeol ရဲ့ ခေါ်သံကြားမှ ပြူတင်းပေါက် အပြင်ကို ငေးနေတာရပ်လိုက်ပြီး chanyeol ရပ်နေတဲ့ အဝင်ပေါက်ဖက်လှည့်ကာ ပြုံးပြလိုက်တယ်

မင်းသိပ်ကို ဟန်ဆောင်တတ်နေပြီ kyungsoo

Chanyeol : ဒီမှာဘာလုပ်နေတာလဲ

ပြူတင်းပေါက်နားမှာ ရပ်နေတဲ့ kyungsoo ရဲ့ ကိုယ်လေးကို တစ်ဖက်တစ်ချပ်စီ လက်ထောက်ကာလိုက်တော့ chanyeol ထက် ကိုယ်လုံးသေးတဲ့ kyungsoo က chanyeol ကိုယ်ထဲ မြုပ်နေသည်

Kyungsoo : ဘာမှ မလုပ်ပါဘူး ကျောင်းတက်တုန်းကအချိန်တွေကိုသတိရမိလို့

ဒီနေ့ ရှူတင်က အရင် က သူတို့နေခဲ့တဲ့ အထက်တန်းကျောင်း

အရမ်းတော်တယ် kyungsoo တွေ့ရာ ကို ဆင်ခြေပေးတတ်နေပြီ

Chanyeol : ငါတို့ ပထမဆုံးတွေ့တာကိုမှတ်မိသေးလား

Kyungsoo : omm

ကျောင်းပေါက်ဝက လှမ်းကြည့်ရင် မြင်ရမှာက
နေဝင်ဆည်းဆာရောင်အောက်၌ ရင်ခွင်နားက ကောင်လေးကို ရင်ခွင်ဆီအရောက် ခေါ်ထားရင်း ကောင်လေးရဲ့ လည်ပင်းတွေကို သိုင်းဖက်ထားသော ကောင်လေး

Chanyeol : အဲ့တုန်းကတည်းက ငါမင်းကို ချစ်ခဲ့တာ

Kyungsoo : တကယ်လား ??

Chanyeol : အင်း မယုံဘူးလား ??

Kyungsoo : မဟုတ်ဘူး မင်းပြောတာ အကုန်ယုံတယ်

Chanyeol : လိမ္မာလိုက်တာ ...မင်းကကော

Kyungsoo : ဘာကိုလဲ

Chanyeol : ငါ့ကို ဘယ်တုန်းကမှ စချစ်ခဲ့တာလဲ

သူမေးလာမှ သတိထားမိတယ် ကျွန်တော်ဘယ်တုန်းကတည်းက သူ့အပေါ် ပေးဆပ်ချင်နေခဲ့တာလဲ ဘယ်အချိန်ကတည်းက သူ့ကို ချစ်နေမိတာလဲ

ALL OF ME (Completed)Hikayelerin yaşadığı yer. Şimdi keşfedin