SOO: YEOL A ငါ ငါ ....
🔔DING DONG🔔
SOO: JINNA ထင်တယ် ဘာမေ့ခဲ့လို့လဲမသိဘူး
SOO ထသွားမလို့ YEOL SOO လက်ကိုဆွဲပြီး
YEOL: KYUNGSOO A ငါ့ကိုအရင်ဖြေပေးပါ
🔔DING DONG DING DONG🔔BELL က အဆတ်မပြတ်မြည်နေတယ်
SOO: YEOL A နောက်မှ ပြောကြတာပေါ့
SOO လည်း ပြေးဆင်းလာလိုက်တယ်
YEOL လည်းနောက်ကပါလာတယ်
တံခါးဖွင့်လိုက်တော့ ရပ်နေတာက JINNA မဟုတ် SOO ရုတ်တရက် ကြောင်ကြည့်နေမိသည်
YEOL: ဘယ်သူလဲ ဘာကိစ္စလဲ
SOO: K...KAI SI
KAI SOO ကို ရွှန်းလဲ့လဲ့ကြည့်နေတယ် SOO သူ့ကိုမှတ်မိနေသေးတာပဲ ကျေးဇူးတင်ပါတယ် SOO ရယ်
YEOL: အသိလား
SOO: အင်း
YEOL: ဒါဆိုခေါ်လိုက်လေ ဘယ်အချိန်ထိ ရပ်ခိုင်းထားမှာလဲ
SOO: HUM??ဩော် ဝင်ခဲ့လေ KAI
သူတို့သုံးယောက် ဧည့်ခန်းထဲမှာထိုင်လိုက်တယ်
SOO: KAI SIဘာသောက်မလဲ ငါသွားယူပေးမယ်
YEOL: ထိုင်နေလိုက် KYUNGSOO A ငါသွားလိုက်မယ် JUICE ဆိုအဆင်ပြေတယ်မလား KAI SI
KAI: ဟုတ်ကဲ့
YEOL လည်းမီးဖိုချောင်ထဲ ဝင်သွားပြီး အချိုရည်သွားယူတယ် သူ လာထိုင်တဲ့အထိ KAI နဲ့ SOO စကားမပြောသေး
သူ KAI ဆိုတဲ့လူကို သံသယဝင်မိသည် KYUNGSOOကိုကြည့်တဲ့အကြည့်တွေက တစ်မျိုးတော့တစ်မျိုးပဲ သူအဓိပ္ပါယ် မဖော်တတ် KAI ကို JUICE ပေးပြီး သူ SOO ဘေးမှာပြန်ထိုင်လိုက်တယ်
YEOL: အသိတွေဆို ဘာလို့ငြိမ်နေကြတာလဲ
SOO: KAI si ဒါငါ့သူငယ်ချင်း PARK CHANYEOL တဲ့
KAI: ငါသိပါတယ် ANNYEONG ကျွန်တော်က KAI ပါ
YEOL: ဘယ်လိုလုပ်ကျွန်တော့်ကိုသိတာလဲ
KAI: KYUNGSOO ရဲ့ ဒုတိယမြောက်သူငယ်ချင်းမလားYEOL ထိုစကားကြောင့်အောင့်သက်သက်ဖြစ်မိသည်
SOO နဲ့ သိခဲ့တဲ့ကာလတစ်လျှောက် သူ့အပြင် တခြား သူငယ်ချင်းSOO မှာမရှိခဲ့ ဘာလို့ သူက ဒုတိယလဲ😠😠SOO: KAI SI ဘယ်တုန်းကပြန်ရောက်တာလဲ
KAI: မနက်က
KAI လည်း သူပြန်ရောက်ပြီး ဂေဟာမှာသွားရှာတဲ့အကြောင်းကိုပြောပြနေတယ် YEOL ကတော့ နှုတ်ဆက်ပြီး အပေါ်ထပ်ကိုတက်သွားတယ်
ခဏနေတော့ SOO အခန်းထဲဝင်လာပြီး ကျောပိုးအိတ်ထဲ အဝတ်အစားထည့်နေတာတွေ့တော့
YEOL: KYUNGSOO A ဘာလုပ်နေတာလဲ
SOO: ငါKAI နဲ့လိုက်သွားမလို့
YEOL : WAE??ငါ့ကိုစိတ်ဆိုးသွားတာလား
SOO: ငါက ဘာကို ....
SOO ခုမှသတိရတယ် YEOL သူ့ကိုဖွင့်ပြောထားတာပဲ
YEOL: KYUNGSOO A မသွားပါနဲ့ ငါနဲ့ပဲနေပါ နော် မင်းမကြိုက်ရင် ငါနောက် မပြောတော့ပါဘူး ဒါမယ့် ငါ့နားကတော့ထွက်မသွားပါနဲ့နော်
YEOL မူကြိုကလေးလိုမျိုး KYUNGSOO လက်ကို ရမ်းပြီး နွဲ့နေတယ်
SOO ဘာပြောရမှန်းတောင်မသိတော့
YEOL: KYUNGSOO A SOO A~~~~
SOO: တော်ပါတော့ ငါကသူနဲ့အပြီးလိုက်သွားမှာမဟုတ်ပါဘူး ဒီတစ်ညတည်းပါ .
YEOL ပျော်သွားပြီ အပြောင်းအလဲကချက်ချင်းပဲ
YEOL:သူက့  ဘာလို့ ခေါ်တာလဲ
SOO: ငါလည်းမသိဘူး
YEOL: ဒါနဲ့များ လိုက်သွားဦးမှာလား
SOO: သူအကူအညီတောင်းတော့ ကူရမှာပေါ့ ကဲပါ ငါသွားတော့မယ်
SOO လည်း မြန်မြန်ထွက်လာလိုက်သည်
YEOL ကတော့ သူတို့ ထွက်သွားတာကို ပြူတင်းပေါက်မှ ကြည့်နေရုံ
KYUNGSOO A ငါ့စိတ်တွေလေးနေတယ်
###################
SOOနဲ့ KAI လည်း အိမ်တစ်အိမ်ကိုရောက်လာတယ် လုံးချင်းအိမ်လေးပေါ့ အိမ်ထဲမှာတော့ အရာအားလုံးက ပိတ်စတွေဖုံးလွှမ်းနေတယ်
သူတို့နှစ်ယောက်လည်း အစတွေဖယ်လိုက်ပြီး SOFA ပေါ်မှာထိုင်လိုက်တယ်
KAI: လိုက်လာပေးတဲ့အတွက် ကျေးဇူးပဲ KYUNGSOO A
SOO: ရပါတယ် သူငယ်ချင်းတွေပဲ
KAI ပြုံးလိုက်တယ် ပျော်ရွင်ခြင်းတော့မပါ
SOO: ဘာလဲ
KAI: လွန်ခဲ့တဲ့ ၆နှစ်လောက်တုန်းကလဲ မင်းဒီစကားပဲ ပြောခဲ့တာနော်
Soo: KAI SI ငါ မင်းကို မိတ်ဆွေဟောင်း သူငယ်ချင်းဟောင်း အနေနဲ့ လိုက်လာပေးတာပါ ကျေးဇူးပြုပြီး အဲ့တုန်းကအကြောင်းတွေအစမဖော်ပါနဲ့
KAI SOO ကို ပိုသဘောကျမိတယ် သူနဲ့မတွေ့တာ နှစ်တွေကြာနေတာတောင် SOO ကတော့ ခုထက်ထိ ပြတ်သားတုန်းပဲ စကားကိုလည်းသွယ်ဝိုက်ပြီးမပြော သူတစ်ပါးခံစားရမှာကိုလည်းမစဉ်းစား ပွင့်လင်းလွန်းပါတယ်KAI: OK. ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်
###################
YEOL တစ်ယောက် အစောကြီးနိုးနေပြီး နာရီကိုပဲ တကြည့်ကြည့်
၅နာရီ
၆နာရီ
၇နာရီ
၈နာရီ ခုထက်ထိ SOO ပြန်မလာသေး
ပြောတော့တစ်ညအိပ်တဲ့ ခုအိပ်ပြီးရင်ပြန်လာပေါ့ မနက်ပဲလင်းနေပြီ ပြန်မလာနိုင်သေးဘူး ဖုန်းဆက်တော့လည်း စက်ပိတ်ထားပါသည်တဲ့ သူ့ရင်တွေ ဗလောင်ဆူနေတယ် SOO တကယ် သူ့ဆီပြန်လာမှာပါနော် SOO သူ့ကိုထားမသွားပါဘူး သူ့ကိုမမုန်းပါဘူး SOO ပြန်လာမယ်လို့ပြောသွားတယ် SOO က မလိမ်တတ်ဘူး ARNYI တကယ်လို့ SOO က သူ့ကို ရွံသွားရင်ရော........
အတွေးပေါင်းများစွာနဲ့ မငြိမ်မသက်ဖြစ်နေတုန်း BELL သံကြားတာနဲ့ KYUNGSOOများလားဆိုပြီး ပြေးဆင်းလာတယ်
တံခါးဖွင့်လိုက်တော့..........................■■■■■■■■■■■■■■■■