Part 42

705 68 6
                                    

All of me
Part 42

တစ်ပတ်ရှိပြီ omma ကလဲ သတိမရသေးသလို kyungsoo ကလဲ အချုပ်ထဲမှာ အခင်းဖြစ်တဲ့နေ့ကအကြောင်းမေးပေမယ့်လဲ ဘာမှပြန်မဖြေဘဲ တွေတွေလေးငေးနေတယ်လို့ leo ကပြောသည် ကျွန်တော်လား ကျွန်တော် ခုထက်ထိ သူ့ကိုသွားမတွေ့ခဲ့ပါဘူး omma ကို သူပစ်ခဲ့တယ်ဆိုတာ မယုံနိုင်သေးဘူး

'ကျွီ'

Omma လဲလျောင်းနေတဲ့ ကုတင်ဘေးမှာထိုင်ရင်း တံခါးဖွင့်သံကြားလို့ လှည့်ကြည့်လိုက်တော့Leo

'ဟို ကျွန်တော် စကားပြောချင်လို့ '

ကျွန်တော်သူ့နောက်ကနေ ဆေးရုံဝင်းထဲသို့ ထွက်လာသည်

' ဒီလိုတောင်းဆိုတာ လွန်မယ်ထင်မိပါတယ် ဒါပေမယ့် မဖြစ်မနေမို့ပါ '

ဘာတွေများတောင်းဆိုချင်တာမို့ စကားပလ္လင်တွေခံနေရတာလဲ

' Kyungsoo hyung အစာမစားတာကြာနေပြီ '

'....'

Leo  လဲ chanyeol မျက်နှာကို အရိပ်တကြည့်ကြည့်

' ဒီလို ဆက်နေရင် တရားခွင်မရောက်ခင် သေသွားလိမ့်မယ် '

'အဲ့ဒါ ကျွန်တော်နဲ့မဆိုင်ဘူးထင်ပါတယ် '

' chanyeol သာသူ့ကိုတွေ့ပေးရင်  သူပုံမှန်ပြန်ဖြစ်လာနိုင်ပါတယ် '

'.omma ကို သတ်တဲ့သူကို ငါက အသက်ရှင်ခွင့်ပေးရမှာလား'

'အဲ့လိုသဘောမဟုတ်ပါဘူး တကယ်တော့ အဲ့နေ့က ကျွန်တော့်ပေါ့ဆမှုကြောင့် ကျွန်တော်ကမေ့ဆေးပြယ်ပြီး ရင်၃ရက်လောက် ထိ မေ့ဆေးပေးတဲ့နေ့က အကြောင်းတချို့ ကိုမေ့နေတတ်တာ ကျွန်တော့်အားနည်းချက် အဲ့နေ့ကသာ ကျွန်တော် သတိရှိခဲ့မယ်ဆိုရင် hyung လဲဒီလိုဖြစ်မှာမဟုတ်ဘူး '

' အဲ့နေ့  ...?  ?'

' chanyeol hyung show ကျင်းပတဲ့နေ့က  '

'..ဘာတွေဖြစ်ခဲ့တာလဲ '

' အတိုချုံးပြောရရင်ကျွန်တော် အဖမ်းခံခဲ့ရတယ် kyungsoo hyung က ရအောင် ကယ်ထုတ်တယ် ကျွန်တော်ကြားလိုက်တာတစ်ခုက kyungsoo hyung ပြောလိုက်တဲ့ စကား chanyeol appa ဆိုပြီး ကျန်တာတော့ ဘာတွေဆက်ဖြစ်လဲမသိတော့ဘူး ဒါမယ့် kyungsoo hyung က တမင်သက်သက်လုပ်တာတော့ မဖြစ်နိုင်ပါဘူး '

ALL OF ME (Completed)Donde viven las historias. Descúbrelo ahora