ALL OF ME
PART 41
Leo chanyeol အခန်းထဲက ပြန်ထွက်လာပြီး stage ဘက် လှည့်ပတ်ကြည့်လိုက်ပြီး သူ့hyung ဆီသွားမယ်ဆိုကာ ဒုကို နှုတ်ဆက်လိုက်သည်
ဓာတ်လှေကားထဲ ရောက်တဲ့ အချိန်မှာ သူအပါအဝင် လူသုံးယောက်သာရှိသည် ကျန်တဲ့ နှစ်ယောက်မှာ chanyeol ပုံပါ t shirt များကြောင့် fanboy များပဲ ဖြစ်လောက်မည်ထင်သည်
သို့သော် သူသာ ဒီထက် နက်နဲစွာ ကြည့်ခဲ့မည်ဆိုလျှင် သူ့ညာဘက်က လူကိုသာ မှတ်မိခဲ့မယ်ဆိုရင်
၃ထပ်မှာ ဓာတ်လှေကား ရပ်တဲ့အချိန် အချိန်မှီ ထွက်နေနိုင်ခဲ့လျှင် ..၃ထပ်မှ လူတချို့ ထပ်ဝင်လာဖို့ ရှိသော်လဲ လက်ရှိ ဥက္ကဌ တစ်ယောက်ဖြစ်တဲ့ သူ့ကို ရှိန်တာမို့ မည်သူမျှ မဝင်ရဲ သူကလဲ လူတွေနဲ့ အရင်းတနှီးမနေလို ထို့ကြောင့် အောက်ကိုသာ ဆက်ဆင်းသည်
ပထမထပ်ရောက်နီးမှာတော့ သူတို့ထက်ပိုသန်ပူံရသည့် သူ့ဘယ်ဘက်က သူက အနောက်မှဝင်ချုပ်သည် သူပြန်ခုခံရာ ညာဘက်ကလူက လက်ကိုင်ပုဝါထုတ်ကာ သူ့ ပါးစပ်အား အုပ်ပြီးသောအခါ သူသည်လဲ လောကကြီးနှင့် ခေတ္တအဆက်ပြတ်သွားတော့သည်
ထို့နောက်တွင်တော့ ထိုလူနှစ်ယောက်က mask တပ်ကာ Leo ကိုလဲ mask တပ်ပေးလိုက်သည် ကားပါကင်ရောက်တော့ က်လုံခြုံရေးနှင့် တိုးရာ သူတို့ သူငယ်ချင်း စိတ်လှုပ်ရှားပြီး မူလဲသွားသည်မို့ အမြန် ဆေးရုံခေါ်သွားမည့်ဖြစ်ကြောင်းပြောကာ အတင်းမောင်း ထွက်ခဲ့သည်
" အကြောင်းကြားလိုက်တော့ "
"ဟုတ် "
################
Kai : ဘယ်လိုလုပ်မလဲ
Kyungsoo : ဘာဖြစ်တာလဲ
Kai: ချွဲဆန်းအာရဲ့ လူယုံက Leo နဲ့ ချွဲဆန်းအာကို အပေးအယူလုပ်မယ်တဲ့
Kyungsoo : ပွဲမပြီးမချင်း အဲ့လူကို လွှတ်ပေးလို့မရဘူး
Kai : ဒါမယ့် Leo က
Live : နောက်နာရီဝက်လောက်ကြရင် chanyeol ရဲ့ one man show ကြီး စတော့မှာပါ
Kyungsoo : ပွဲကတော့ပျက်လို့မရဘူး
Kyungsoo tv ကိုပိတ်လိုက်သည်
Kai : ဘယ်လိုဆက်လုပ်မှာလဲ