All of me
Part 34Chanyeol : အိပ်နေပြီလား
သန်းခေါင်ကျော်မှ ပြန်ရောက်လာတော့ kyungsoo က ကုတင်ပေါ်မှာ အိပ်တောင်ပျော်နေပေါ့ ဘာသံမှ မကြားရတာနဲ့ chanyeol ကျောပေးအိပ်နေတဲ့ kyungsoo ဘေးဝင်လှဲလိုက်ပြီး လက်ကလည်း kyungsoo ခါးလေးကို ဖက်ထားလိုက်တယ်
ရှိုက်သံသဲ့သဲ့ကြားလိုက်ပေမယ့် အိပ်မက်လား တကယ်လား မသဲကွဲတော့ဘဲ အိပ်ပျော်သွားခဲ့သည်
#####################
ကျေးငှက်တွေရဲ့ အသံကြောင့် chanyeol နိုးလာခဲ့ပေမယ့် ဘေးက kyungsoo ကတော့ သူရေချိုးခန်းကထွက်လာသည့်အချိန်ထိ အပြစ်ကင်းစွာအိပ်မောကျနေတုန်း chanyeol တစ်ချက်ပြုံးပြီး kyungsoo နဖူးကိုနမ်းလိုက်ကာChanyeol : အိပ်ပုတ်လေးဖြစ်နေပြီပဲ ငါ့ထက်အရင် အိပ်ပြီး သူကအရင်မထဘူး
Kyungsoo အားသူ့ရင်ခွင်ထဲဆက်လက်အိပ်စေလိုက်သည်
Chanyeol : ဒီလိုမျိုးအိပ်နေလို့ ဘယ်ဖြစ်မလဲ အခုထိ ပြောဖို့စကားတွေ အများကြီးရှိသေးတာကို ဟော!! ပလာစတာနဲ့ လက်ကဘာဖြစ်ရပြန်တာလဲ ဓားရှတာလား မဆိုးပါဘူး ကိုယ့်ဘာသာတော့ဂရုစိုက်တတ်လာပြီ
Kyungsoo : နားငြီးလိုက်တာ စောစောစီးစီး ဘယ်က အဘိုးကြီးရောက်နေတာပါလိမ့်
Chanyeol : နိုးပြီလား
Kyungsoo : မင်းရဲ့အသံဆိုးကြီးနဲ့ ဘယ်သူက နားခံနိုင်မှာလဲ
Chanyeol : ဘာ!!အသံဆိုးကြီး !
Chanyeol ကို လျှာထုတ်ပြပြီး နောက် kyungsoo ကတော့ ရေချိုးခန်းထဲရောက်သွားပြီ
Chanyeol : လော့ချတယ်ပေါ့လေ ထွက်လာမှတွေ့မယ် do kyungsoo
Kyungsoo : သေချာပေါက် ငါထွက်မှတော့ တွေ့ရတော့မှာပေါ့ အဆန်းလုပ်နေသေးတယ်
Chanyeol ကျေနပ်အားရစွာပြုံးလိုက်ပြီး ရေချိုးခန်းတံခါးဘေးနံရံကိုမှီရင်း
Chanyeol : မြန်မြန်လုပ်
Kyungsoo : ရေချိုးဦးမှာ စောင့်မနေနဲ့
Chanyeol : ကောင်းပါပြီဗျာ ဒီနေ့ဝတ်ဖို့ အဝတ်ကိုကုတင်ပေါ်တင်ခဲ့မယ်
Kyungsoo : အင်း
Chanyeol ကတော့ အခန်းထဲကနေ အေးအေးလူလူ ထွက်သွားခဲ့ပေမယ် ရေချိုးခန်းထဲ က kyungsoo က အေးဆေးနေပါ့မလား
