ရုတ်တရက် sooလေထဲမှာပျံနေသလိုခံစားရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ chanyeol က သူ့ကိုပွေ့လိုက်တာကိုး
Soo: park chanyeol ဘာလုပ်တာလဲ
Yeol: ဘာမှမလုပ်ပါဘူး စိတ်ကောက်နေတဲ့ ကလေးကိုချော့မလို့ပါ
Soo: ya ဘယ်သူကကလေးလဲ
Yeol: ဒါတော့ မင်းအသိဆုံးပဲဖြစ်မှာပေါ့
Soo : ကောင်းပြီလေ
ခဏ စကားရပ်ပြီး
Soo: ဦးလေးကြီး အကျင့်ပုပ်ကြီး ကလေးကို အနိင်ကျင့်တယ် မကောင်းတဲ့ လူကြီး လူဆိုးကြီး
အမျိုးမျိုးပြောလေရဲ့
Chanyeol သဘောကျပြီး အားရပါးရရယ်မောနေတယ် ဒါကို ကြည့်နေတဲ့ လူတစ်ယောက်
အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး နံပါတ်××××××××××××ကိုခေါ်လိုက်တယ်
" ဟဲလို ..ဟုတ်ကဲ့ အခုထက်ထိတော့ သူဘာမှ လှုပ်ရှားတာမရှိဘူး ဆရာ အိမ်မှာပဲနေနေပါတယ် အပြင်လည်းမသွားပါဘူးဆရာ သူနဲ့ နေတဲ့ ကောင်လေးကပဲ အပြင်ထွက်ပါတယ် "
C.DAD:" ဒါဆို ငါ အဲ့ကောင်လေးကို စောင့်ကြည့်ဖို့ နောက်တစ်ယောက်ထပ်လွှတ်လိုက်မယ်
မင်းက ငါ့သားကိုပဲ သေချာစောင့်ကြည့် ဟုတ်ပြီလား ဒါနဲ့ ဒီနေ့ကော ဟိုမိန်းမလာသေးလား"
" မလာပါဘူးဆရာ "
C.DAD လည်းဖုန်းချလိုက်တယ်
###########
အိပ်ခန်းပြူတင်းပေါက် ကန်လန်ကာကနေ ချောင်းကြည့်နေတဲ့ KYUNGSOO နဲ့ YEOL.
SOO: YEOL A ငါအဲ့လူကြီးကိုမြင်တာ ငါတို့စရောက်တဲ့နေ့ကတည်းကပဲ ညတော့မသိပေမယ့် နေ့ဆို တစ်နေကုန် သူ့ကားက အဲ့နားမှာပဲ ရပ်ထားတယ် ငါတော့ မသင်္ကာဘူး
YEOL: ငါ့အဖေလွှတ်ထားတာဖြစ်လိမ့်မယ်
SOOခုတင်ပေါ် သွားထိုင်လိုက်ပြီး
SOO:မင်းအဖေ ဘာတွေကြံနေတယ်လို့ထင်လဲ
YEOL: မင်းထင်နေသလိုထင်တာပဲကွာ
သူတို့အကြံတွေက အမြဲတူနေတော့ YEOL လွယ်လွယ်ပြောလိုက်သည်
ဒါပေမယ့် SOOခေါင်းခါသည်YEOL: ဆိုစမ်းပါဦး
SOO: မင်းက မင်းအဖေ လူလွှတ်ပြီးမင်းကိုစောင့်ကြည့်ခိုင်းတယ် ပြီးရင် မင်းရဲ့ ခြေလှမ်းတိုင်း ကိုလိုက်ပိတ်မယ် တားဆီးမယ်လို့ ထင်နေတာမလား
YEOL လက်ခုပ်တီးပြီး
YEOL: WOW တော်လှချည်လား DO KYUNGSOO 👍👍
SOO : ဒါပေမယ့်ငါထင်တာကတော့ မင်းအဖေခုတော့မင်းကို တားဆီးမှာမဟုတ်ဘူး စောင့်ကြည့်အဆင့်ပေါ့ကွာ
SOOဘာမှမပြောတော့
YEOL: ဒါပဲလားကွ
SOOခေါင်းငြိမ့်ပြလိုက်သည်
SOO: အင်း ဒါပဲလေ
YEOL: ငါနဲ့မတူတာမှမရှိတာ
SOO:OW ခုတားမှာနဲ့ နောက်မှတားမှာနဲ့မတူဘူးလေကွာ
YEOL: လာနောက်နေတယ်ဟုတ်လား
ဆိုပြီး SOOခေါင်းကိုခေါက်ပြီးအခန်းထဲကထွက်သွားတယ်
SOOလည်း ပြူတင်းပေါက်နားပြန်သွားရပ်လိုက်ပြီး ခုနကကားကိုကြည့်ကာ သက်ပြင်းတစ်ချက်ချမိသည်
' YEOL A မင်းအဖေက မင်းသွားမယ့်လမ်းတွေကို ပိတ်ပြီးနေလောက်ပြီဟ ' ဟုစိတ်ထဲက ပြောနေမိသည် သူYEOLစိတ်ဆင်းရဲရမှာကိုမကြည့်လို၍ သူ့အတွေးကို ထိန်ချန်ထားခြင်းသာ
####################
ကျွန်တော် KAI အမိမြေကိုပြန်ရောက်ပါပြီ
ပြင်သစ်မှာနေတဲ့ ၅နှစ်အတွင်း ကိုရီးယားကိုတစ်ခါမှ ပြန်မရောက်ခဲ့တာပါ
ခြေချတာနဲ့ အရင်ဆုံးသွားတာက ကျွန်တော့်အမေရဲ့အုတ်ဂူပါ
ကျွန်တော့်အမေ ဆုံးတာ ခုဆို ၇နှစ်ရှိပြီ လုပ်ကြံခံရတာပါ ကျွန်တော်ခုပြန်လာတာ ကျွန်တော့်အမေကို မတရားစွတ်စွဲခဲ့တဲ့ သူကို လက်စားပြန်ချေဖို့ လည်းပါတယ် ကျွန်တော့်အမေ ထောင်နန်းစံပြီး မတရားခံခဲ့ရတာကို ကျွန်တော်လုံးဝ မမေ့ပါဘူး အမေ့ရဲ့ ဖြူစင်မှုတွေကို ကျွန်တော်ပြန်ရအောင်လုပ်ပေးမှာပါ
ပြီးတော့ ကျွန်တော့်ဖခင်အရင်းရဲ့ အသိအမှတ်ပြုမှုကိုလည်း လိုချင်ပါတယ် ကျွန်တော့်ကို ဘယ်လောက်ပဲမုန်းတယ်လို့ပြောပြော အဖေကတော့ အဖေပဲလေ
နောက်စဉ်းစားမိတာကတော့ ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော့်ရဲ့အချစ်ဦး ကျွန်တော် သူ့ကို တွေ့ချင်ပါတယ် အရမ်းလည်းလွမ်းပါတယ်
ဒါကြောင့် သူရှိနိုင်မယ့် နေရာဆီ ကျွန်တော်ဦးတည်မောင်းနှင်လိုက်ပါသည်
■■■■■■■■■■■■■■■■■■■■■■