All of me
43'တီ တီ တီ ------------'
" Omma!!"
သူ့ omma ရဲ့ ဈာပန ရက်လည်ပြီးသွားသော်လဲ ခုထက်ထိ ရပ်တန့်သွားသော နှလုံးခုန်စက်ကို အိပ်မက်ထဲက မထုတ်နိုင်သေး
ထထိုင်မိတော့မှ သူရောက်နေတာက omma ရဲ့ ကုတင်ပေါ်
' ဟင်း '
သက်ပြင်းချလိုက်ရင်း အခန်းထဲက ထွက်လိုက်သည်
" ဗီရို....ထဲ...က..စာအုပ်.ရှိတယ် "
သူ့အမေမဆုံးခင်က ပြောသွားတဲ့စကား ကိုပြန်ကြားယောင်မိတာမို့ အခန်းထဲပြန်ဝင်ကာ ဗီရိုထဲရှာဖွေရတော့သည်
အနီရောင်အဖုံးလေးနဲ့ note book တစ်အုပ်
အဖုံးပေါ်မှာတော့ သေသပ်လှပတဲ့ လက်ရေးနှင့် ရေးထိုးထားသည်က" မောင်♡မောင်"
1 page
# 24.3.1989
မောင်နဲ့မောင် ချစ်သူဖြစ်တဲ့ပထမနေ့ထိုရက်စွဲကစပြီးတော့ တစ်ရက်မကွက်ရေးထားသည်များက မောင်နှင့်မောင် ပုဂ္ဂိုလ်၂ဦး မည်မျှ မည်၍ ပျော်ရွှင်ခဲ့ကြရကြောင်းတွေသာ
ကောင်လေးနှစ်ယောက်၏ အချစ်ဇာတ်လမ်းသည် ကြည်နူးဖွယ်အတိပင်
#26.12.1991
မောင် က ကလေးချစ်တယ်တဲ့ ဟက် ဘယ်လိုလုပ်မလဲ မောင်တို့ အတူနေရင် မောင်တို့ ဘဝထဲ မောင်ချစ်တဲ့ကလေးဝင်လာလို့မရဘူးလေ#17.2.1992
ဆုံးဖြတ်ချက်ချခဲ့ကြတယ်
သူငယ်ချင်းမ တစ်ယောက်ဖြစ်တဲ့
လီလီနဲ့ အကျိုးအကြောင်းတိုင်ပင်ပြီး မောင်တို့ရင်သွေးလေးလွယ်ပေးဖို့ပေါ့
တကယ်မထင်ထားမိဘူး သူမ အလွယ်တကူ သဘောတူလိမ့်မယ်လို့
အရမ်းပျော်တာပဲ#21.3.1992
နက်ဖြန်ဆို မောင်တို့ ရဲ့ မျိုးဆက်လေးအတွက် အမေရိကသွားရတော့မယ် လီလီ စိတ်ပြောင်းမသွားဖို့ပဲ ဆုတောင်းရမယ်#24.5.1992
မောင် ဆုတောင်းခဲ့တာမှားသွားတယ် လီလီက စိတ်မပြောင်းခဲ့ပေမယ့် မောင်ကတော့ ပြောင်းလဲသွားခဲ့တယ် ရက်စက်လိုက်တာမောင်ရယ် ဟိုမှာ ၂ပတ်တောင်ပြည့်အောင်မနေဘဲ အရင်ပြန်လာတာ minah noona နဲ့လက်ထပ်ဖို့လား ရက်စက်လိုက်တာ