Part 26
Chansooသူအခန်းထဲရောက်တော့ မီးအဖွင့်မှာ
Soo: ဒါတွေက ဘာလဲ ရှုပ်ပွနေတာပဲ
Soo လည်း သူ့ခြေထောက်နားရောက်နေတဲ့ အဝတ်ကို ကောက်ရင်း တစ်ခု သတိရကာ
တစ်ခန်းလုံး ဝှေ့ကြည့်တော့ ......တွေ့ပါပြီ ခေါင်းအုံးနားမှာ ပြန့်ကျဲနေတဲ့ ပိုက်ဆံတွေ ..Soo: yeol .....chanyeol
သူ yeol ကို ဖုန်းခေါ်လိုက်သည်
Yeol: ငါအကုန်သိပြီးသွားပြီ ငါ့အခန်းထဲလာခဲ့
Soo လည်း အမြန် အပေါ်ထပ်တက်သွားသည်
Yeol: ဘာလို့လဲ ဘာလို့ ဒီလိုလုပ်ရတာလဲ မင်းက ဒီလောက်ပိုက်ဆံနဲ့ ငါ့ကို သစ္စာဖောက်တာပေါ့ ပြောပါဦး အဲ့ဒီပိုက်ဆံတွေက ဘာအတွက်လဲ ဘာလုပ်ဖို့လဲ
Soo သိပါတယ် c.dad မဟုတ်တန်း တရားတွေပြောသွားတာပါ ချောက်တွန်းလိုက်တာပါ yeol ဒေါသကိုလည်း သူသိတယ် ခုချိန် ရှင်းပြလို့လည်း ရမှာမဟုတ်
Soo: mianhae
Yeol: bor?mianhae ဒီလိုပြောရုံနဲ့ ကျေနပ်လိုက်ရမှာလား
Soo: နောက်မှပြောကြတာပေါ့
Soo လည်း လှည့်ထွက်လာသည်
Yeol: ဟုတ်တယ် ထွက်သွား ငါ့ရှေ့ပြန်မလာနဲ့ မင်းကိုမမြင်ချင်ဘူး
Soo ကြားလိုက်ပါသည် ခက်ထန်နေတဲ့ yeol ရဲ့ အသံ
Soo pov: စိတ်မပူပါနဲ့ ငါသွားမှာပါ မင်း မမြင်နိုင်မယ့်နေရာကို ငါအပြီးသွားပေးပါ့မယ်
##########################
At night
Yeol စိတ်ငြိမ်မှ အောက်က စတိုခန်း ကို ဆင်းလာတော့ သူဖွထားတာတွေ အကုန်ရှင်းနေပြီ အိပ်ရာကလည်း ဒီတိုင်း လိပ်ထားတယ် kyungsoo ရဲ့ ကျောပိုးအိတ်ကိုလည်းမတွေ့ kyungsoo ကိုလည်း မတွေ့
Yeol: kyung ....kyungsoo a
သူ အိမ်ထဲ အိမ်ပြင်လိုက်ရှာပါတယ် မတွေ့ ဖုန်းဆက်တော့လည်း လူကြီးမင်းတဲ့
အမှန်အတိုင်းပြောရရင် သူ ခုနက သွေးပူနေတုန်းမို့ ပါ kyungsoo ထွက်သွားမှာကို သူမလိုချင်ပါဘူး မဟုတ်ဘူး သူထွက်သွားလို့ပြောလိုက်တာက အပြီး ထွက်သွားဖို့မှမ ဟုတ်တာ ခဏ လေး ခဏ လောက် သူ့ ကို အချိန်ပေးဖို့ပါ