"ဒီမှာပဲ ရပ်ပေးတော့"
"ဒါပေမဲ့ သခင်လေး.. နေ့တိုင်း ဒီမှာပဲ ရပ်ပေးနေတာ သိသွားရင် ကျွန်တော် အဆူခံရ.."
"အာာာ ဒီနားပဲ ရပ်ပါဆို"
"ဟုတ်.. ဟုတ်ကဲ့"
သူ့ကို မလွန်ဆန်နိုင်သော ဒရိုင်ဘာကြီးက သူပြောသည့်နေရာမှာပင် ရပ်ပေးသည်။
ကျောင်းက ဒီနေ့ကော နောက်ကျတော့မလားမသိ။
တကယ်တော့ အိမ်ကကားဖြစ်သည့် Black Audi ကြီး ကျောင်းပေါက်ဝတွင် ရပ်တိုင်း ဝိုင်းကြည့်နေသော လူတွေ၏ အကြည့်တွေကို သူ စိတ်ဆင်းရဲလွန်းလို့ဖြစ်သည်။
တခြား ကျောင်းသားတွေလို စက်ဘီးနှင့် သိပ်ကျောင်းသွားချင်သော သူ။ စည်းကမ်းကြီးလှသော သူ့အဖေထံ မဝံ့မရဲ တောင်းဆိုဖူးသည်။
"မင်းကိုယ်မင်း လမ်းဘေးက လူမှတ်နေလား။ ဝန်ကြီးသား။ ငါ့ကို မကျေနပ်တဲ့လူတွေက မင်းကို ရန်ရှာရင် ဘယ်လိုလုပ်မလဲ" ဟူသော စကားနှင့်ပင် ပြီးဆုံးခဲ့ရသည်။
သို့နှင့် သူ့မှာ မနက်ကျောင်းသွားတိုင်း ကျောင်းနှင့် နှစ်လမ်းအကွာလောက်ကတည်းက သူ့ငယ်နိုင်ဖြစ်သော ဒရိုင်ဘာကြီးအား အတင်းရပ်ခိုင်းပြီး ကျောင်းကို ပြေးရသည်။
ဤသို့ဖြင့် မင်ဆော့သည် မနက်တိုင်း ကျောင်းနောက်ကျလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောပိုးအိတ်ကို ပစ်တင်လိုက်ပြီးနောက် နံရံပေါ် သူ တတ်လိုက်သည်။
တခြားလူအတွက် လွယ်ကူလောက်စရာ ပေမဲ့ သူ့အရပ်က ပုတော့ အနဲငယ်တော့ ပိုကြိုးစားရသည်ပေါ့။
ငယ်ငယ်ကတည်းက နွားနို့မကြိုက်ခဲ့ခြင်းကို ကျောင်းနံရံပေါ် ကျော်ဝင်ရန်ကြိုးစားတိုင်း မင်ဆော့ နောင်တရမိပါသည်။
"ဆင်းခဲ့လေ။ ငါ အောက်က ဖမ်းထားပေးမယ်။"
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် သူ ခေါင်းနားပန်းကြီးသွားသည်။
အောက်ကို ငုံ့ကြည့်လိုက်တော့ Jongdae....
ပထမဆုံး စတွေ့တုန်းကလိုပင် အောက်ကနေ သူ့ကို လက်နှစ်ဖက် ဆန့်တန်းလို့ ကြိုနေသည်။
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanfictionဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae