when we finally fall in love,

2.7K 423 20
                                    

စက်ဘီးကို အားစိုက် နင်းလိုက်တာ့ ဆောင်းလေကြမ်းကြမ်းက မျက်နှာကို လာမှန်သည်။

ခါတိုင်းဆိုလျှင်တော့ အိပ်ရေးမဝသည်နှင့်ပေါင်းပြီး ရာသီဥတုကို Jongdae ကျိန်ဆဲမိမည် ဖြစ်ပါသည်။

အခုဆိုလျှင်တော့ နံနက်ခင်းတိုင်း ကျောင်းသွားဖော်လေး၏ ချစ်စရာမျက်နှာကလေးက မကြည်သော စိတ်အစုံတို့ကို ပိန်းကြာဖက်တွင် ရေမထင်သကဲ့သို့ ပြေလျှောပျက်စီးသွားစေနိုင်ပါတော့သည်။

ဒီနေ့ဆိုလျှင်ဖြင့် နံနက်ခင်းတိုင်း အတူတူရှိခွင့် ရခဲ့သည်မှာ ငါးလကျော်လို့ ခြောက်လအတွင်း သက်ဆင်းတော့မည်ဖြစ်ပါသည်။

ကျောင်းနံရံပေါ်တွင် ထိုင်နေသော Angel လေး တယောက်ကို သူရှာတွေ့ခဲ့ချိန်တွင် ကျောင်းထိပ်ရှိ စွယ်တော်ပန်းပင်တန်းမှာ စွယ်တော်အဖူးကလေးများ ဝေနေချိန်လဲ ဖြစ်ပါသည်။

အခုဆိုလျှင်တော့ဖြင့် ထိုစွယ်တော်ပန်းကလေးများမှာ ပွင့်ဖူးလို့ ဝလို့ မြသားလွှာမြေပြင်သို့ ကြွေဆင်းသက်လျှောနေပြီဖြစ်ပါသည်။

ရွက်သစ်တို့ပင် ဝေဝေ..

ရွက်ကြွေတို့ပင် ဟောင်းဟောင်း..

ကျောင်းသွားဖော်ကလေးအပေါ်ထားရှိခဲ့သော သူ့ချစ်ခြင်းမေတ္တာကတော့ တနေ့တရက်မှ ပြောင်းလဲသွားခြင်းမရှိပေ။

ထိုသည်ကို ကျောင်းသွားဖော်ကလေး သိအောင် ပြောပြရပေဦးတော့မည် ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အလို.. ငယ်ကျွန်ကြီးများ။ သေလျှင် ကိုယ့်နောက်ပါမည်မဟုတ်သော ဤစာများအား အဘယ်ကြောင့် ကြိုးစားပမ်းစား ကျက်နေကြသတုန်း အိမ်တော်ပါ ငယ်ကျွန်တော်ကြီးများ...."

"ငါ... @*&^$)*%^_#*^)*^@^&*%$"

စာမေးပွဲနား နီးသဖြင့် အုပ်စုလိုက် စာ စု ကျက်နေတုန်းက အကောင်း။

Jongdae ရောက်လာမှ ဆဲသံ ဆိုသံတို့ ပြည့်နှက်သွားရသည်။

"နကန်းကောင် မသေသေးလို့ ငါတို့ဆီလာတာလား သေပြီမှတ်လို့ အခေါင်းတောင် မှာတော့မလို့"

စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}Where stories live. Discover now