To you (part-2)

994 169 8
                                    

"အစောကြီး နိုးနေပြန်ပြီလား"

Kyungsoo စကားကြောင့် ကော်ဖီ တစ်ခွက်ဖြင့် အပြင်ကို ငေးနေသော မင်ဆော့ လန့်သွားသည်။

"အင်း ဟုတ်တယ်။ ဒီနေ့ အလုပ်မသွားဘူးလား"

"ညနေ shift ကိုပြောင်းထားတယ်"

သူ့အနားမှ မယိုးမယွဖြစ်နေသော Kyungsoo ကိုကြည့်ပီး မင်ဆော့ မျက်မှောင်ကျုံ့လိုက်သည်။

"တခုခု ပြောစရာရှိနေတာလား Kyungsoo"

"အင်း.. အဲ့တာက... ဟိုဟာလေ"

လက်ထဲမှ ကော်ဖီခွက်ကို ချလိုက်ပီး သူ Kyungsoo ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။

"အင်း။ ဘာဖြစ်လို့လဲ"

"Baekhyun.. ခုနက ဖုန်းဆက်တာ.. အဲ့တာ.."

"အင်း??"

"အဲ့တာ.. Jongdae က.. ဒီမနက် လန်ဒန်ကိုသွားဖို့ဆိုပီး လေယဉ်ပေါ်တောင် ရောက်နေလို့တဲ့.. အဲ့တာ.. ဘယ်လိုမှ မတတ်နိုင်ပဲ.. မင်း ဆိုးလ်မှာရှိတဲ့အကြောင်းပြောလိုက်ရတယ်တဲ့.. "

Kyungsoo စကားဆုံးတော့ မင်ဆော့ မျက်မှောင်ကျုံ့လိုက်သည်။

"ငါတို့နဲ့အတူတူရှိနေမယ်မှန်း မပြောရသေးဘူး... ဒါပေမဲ့ Jongdae ဦးနှောက်နဲ့ဆို ခန့်မှန်းကြည့်ရင် သိရင်သိမှာ.. မင်းမှာ သွားစရာငါတို့ပဲရှိတာကို။ အင်း.. ဒါပေမဲ့လဲ စိတ်မပူနဲ့ ငါနဲ့ sehun ဘယ်မှာနေမှန်းသူမသိဘူး။ "

ဒါပေမဲ့ ပေါင်းများစွာဖြင့် တယောက်တည်း စကားပြောရင်း လည်နေသော Kyungsoo ကို ကြည့်ရင်း မင်ဆော့ စိတ်မဆိုးရက်တော့။

အင်း.. သူတို့သူငယ်ချင်းတယောက်လုံးအဝေးကို အူကြောင်ကြောင်နှင့် ရောက်သွားမည်ကိုတော့ စိတ်ပူရှာမှာပေါ့။

"အဲ့တာ.. ဘာဆက်လုပ်ရမလဲဟင် မင်ဆော့ ? တကယ်လို့ မင်းမတွေ့ချင်သေးဘူးဆိုလဲ... "

"မတွေ့ချင်သေးဘူး Kyungsoo "

"မင်းစိတ်ပြေတဲ့အထိ အချိန်ယူလို့ရပါတယ် မင်ဆော့ရယ်။ ဒါပေမဲ့လည်း သိပ်အကြာကြီးတော့ စိတ်မဆိုးပါနဲ့။ မင်းလဲ သိသားနဲ့.. အဲ့ဒီ့ကလေးသုံးယောက်က မိဘတွေ ဆုံးသွားတာကို မျက်မြင်ကိုယ်တွေ့ သူတို့ရှေ့မှာ ကြုံခဲ့ရပြီးတော့ Jongdae ကိုယ်တိုင်ကလည်း အဲ့ဒီ့မှာ ရှိနေခဲ့တယ်ဆိုတော့.. တခြားလူတွေထက်စာရင် Jongdae က သူတို့နာကျင်မှုကို ပိုနားလည်နေပြီး သူတို့ကိုဆို ပိုဂရုစိုက်ဖြစ်နေတာ.."

စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}Where stories live. Discover now