Minseok's decision

829 157 4
                                    




Baekhyun နှင့် စကားပြောနေစဉ်တွင် သူ့ဖုန်းကို တဖက်က စခေါ်သည့် အသံကို ကြားရသည်။

"အာ.. ဟေ့ကောင်။ ဖုန်းချလိုက်တော့။ ငါ့ဆီ တယောက်ယောက် ခေါ်နေတယ်။ မင်ဆော့လားမသိဘူး"

Baekhyun ဖုန်းကို ချက်ချင်းပင် ချပစ်လိုက်ပီး သူ နောက်ဖုန်းကို ဖြေလိုက်သည်။

"မင်ဆော့.. မင်ဆော့လားဟင်??"

  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Kim Jongdae"

စိတ်ဆိုးလျှင် ခေါ်နေကြအတိုင်း သူ့ကို နံမည်အပြည့်အစုံ ခေါ်သည်။

မကြားရတာ ကြာပြီဖြစ်သော အသံကလေးသည် အရင်လိုပဲ မပြောင်းလဲ။

အရင်လို တတ်ကြွမှုတွေ မရှိတော့တာပဲ ရှိသည်။

"မင်ဆော့.. ကိုယ်.."

ပြောရန် ကြံစည်ထားသော စကားလုံးများသည် လည်ချောင်းဝတွင် တစ်ဆို့လျှက်..

"လွမ်းလိုက်တာ မင်ဆော့ရယ်.."

တွေ့လျှင် တောင်းပန်မည်ဟု စဉ်းစားထားသော်လည်း သတိလက်လွတ်ပြောမိသည်က လွမ်းသည်တဲ့။

"နေကောင်းတယ်မဟုတ်လား။ ထမင်း မှန်မှန်စားတယ်မဟုတ်လား။ ကျန်းမာအောင် နေတယ်မဟုတ်လား"

အစီအစဉ်မကျသော အမေးစကားတို့သည် နှုတ်ဖျားဝမှ ပွင့်အံကုန်သည်။

"ငါ ဘယ်လို လုပ်ရမလဲ Jongdae .. ဟင်??"

မျက်နှာချင်းဆိုင် မမြင်ရသော်လည်း မင်ဆော့နာကျင်မှုကို သူ တုန်ရင်နေသော အသံများမှ တဆင့် ခံစားမိနေခဲ့သည်။

"ငါရော ဘယ်လိုလုပ်ပေးရမလဲ မင်ဆော့ရယ်။ မင်းနာကျင်နေရတဲ့ တရားခံက ငါကိုယ်တိုင်ဖြစ်နေပြီးတဲ့နောက် ငါ မင်းကို ဘာများ လုပ်ပေးလို့ရမလဲ မင်ဆော့ရယ်။"

"ဘာဖြစ်လို့ ငါက မင်းရွေးချယ်မှုတွေထဲမှာ ဒုတိယနေရာ အမြဲရောက်နေခဲ့ရတာလဲ"

"ငါ.. ငါ.. မရှင်းပြတတ်ဘူး မင်ဆော့ရာ.. ဒါပေမဲ့ ငါ ဘယ်တုန်းကမှ မင်းကို ဒုတိယနေရာ ထားပီး ရွေးချယ်မယ်ဆိုတဲ့ စိတ်မရှိခဲ့ပါဘူး။ အဲ့တာလေးတော့ ယုံပေးပါ မင်ဆော့ရယ်"

စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}Where stories live. Discover now