နှလုံးသားက အထိမခံလိုက်ပုံများ..
ကံ့ကော်လွှာတွေ ကြွေကျသံကလေးကတောင်
နာကျင်နေရသေးတော့တယ်..****************************************
ဧည့်ခန်းထဲသို့ ဝင်လာလာခြင်း baekhyun နှင့် Jongin မျက်နှာကို မြင်လိုက်ရတော့ Suho နဲနဲတော့ ဖုချင်သွားသည်။
"ဘာကိစ္စ"
ခပ်ပြတ်ပြတ်ပင် သူ မေးလိုက်သည်။
"မင်ဆော့.. မင်ဆော့ အဆင်ပြေလားလို့"
"ဘာကို အဆင်ပြေလား မေးတာလဲ။ စာမေးပွဲဖြေနိုင်လား မေးတာလား။ ညစာစားပွဲမလာနိုင်တာကို မေးတာလား။ အိမ်ကလူတွေမပါပဲ အပြင်မထွက်ဖူးတဲ့လူကို မြို့ပြင်အထိ ရောက်အောင်ခေါ်၊ ညမိုးချုပ်တဲ့အထိစောင့်ခိုင်းထားပြီး ပေါ်မလာ ဇာတ်ကားရိုက်တာကို ပြောတာလား"
"Hyung.. ကျွန်တော် အဲ့ဒီ့ကိစ္စရှင်းပြချင်လို့ပါ"
"ရှင်းပြတာထက် တောင်းပန်ရမှာမဟုတ်ဘူးလား"
"တောင်းလဲ တောင်းပန်ပါ့မယ်။ ဒါပေမဲ့ ရှင်းပြတာကို အရင်နားထောင်ပြီးမှ Hyung မကျေနပ်သေးရင် ကျွန်တော်တို့ တောင်းပန်ပါ့မယ်။ "
"ဘာဖြစ်လို့ ငါ့ကို လာရှင်းပြနေတာတုန်း။ မင်းတို့ ကာကယံရှင်ကို သွားတောင်းပန်သင့်တာမဟုတ်ဘူးလား"
Baekhyun နှင့် Jongin က တယောက်မျက်နှာ တယောက်ကြည့်လေသည်။
"တကယ်တော့ မင်ဆော့အိမ်ကနေ ပြန်လာတာပါ။ ကျွန်တော်တို့ကို အတွေ့မခံလို့"
"ဒါပေါ့။ ဒီအချိန် မင်းတို့နဲ့ စကားပြောရအောင် သူက အရူးမှမဟုတ်တာ"
"Suho hyung... ကျွန်တော်တို့ ရှင်းပြတာလေးကိုပဲ အချိန်ပေးပြီး နားထောင်ပေးပါလား။ ရှင်းပြပြီးလို့ Hyung မှ မကျေနပ်သေးဘူးဆိုရင် ကျွန်တော်တို့ကို ကြိုက်တာလုပ်ပါ"
အမြဲ ပြောင်စပ်စပ်နှင့် ပြုံးနေသော Baekhyun က မျက်နှာငယ်လေးနှင့် ပြောနေတော့ Suho ခမျာ မနေနိုင်။ သက်ပြင်းကိုသာ တချက်ချပြီး သူ့အခန်းထဲသို့ ခေါ်ခဲ့ရလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Flashback
စာမေးပွဲခန်းထဲက ထွက်ထွက်ခြင်း သူ့ဆီ အသဲအသန် ပြေးလာသော Sehun ကို Jongdae တွေ့လိုက်ရသည်။
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanfictionဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae