Jongdae ပြောပြသော ဆရာ Jong Dohyun အကြောင်းကို ကြားပြီး မင်ဆော့က ဟက်ဟက်ပက်ပက်ရီသည်။
"အဲ့တာပြီးတော့ ဘာဆက်ဖြစ်လဲ"
"အဖိုးနဲ့ သွားတိုင်တယ်လေ"
"ကျောင်းအုပ်ကြီးနဲ့?"
"အင်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက်ကတည်းက ပြိုတော့မည် မျက်နှာထားနှင့် ဝင်လာသော ဆရာ Jong ကြောင့် ဆရာကြီး Lee Soo Man နဲနဲ လန့်သွားသည်။
အကြောင်းစုံ ကိုတော့ တဝက်လောက်မှာတင် သူ သဘောပေါက်သွားသည့် နည်းတူ ငါ မပြောလားဟူသော မျက်နှာပေးဖြင့်ပင် ဆရာ Jong ပြောသမျှကို နားထောင်နေလေသည်။
"ဆရာကြီးပဲ စဉ်းစားကြည့်ပါ။ ကျွန်တော် ဒီကျောင်းမှာ လုပ်လာတဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်း မနက်ပိုင်း ကျွန်တော် အိမ်သာ တတ်နေကြပါ။ ဆရာကြီး သိတယ်မဟုတ်လား။"
ငင့်။
ကိုယ့်မှာ ကိုယ့်အလုပ်နှင့်ကိုယ်တောင် မအားတာကို သူ အိမ်သာတတ်တဲ့အချိန် လိုက်ကြည့်နေစရာလား။
ဒါပေမဲ့လည်း ကိုယ့်မြေးလုပ်ထားတဲ့ အရှုပ်ထုပ်ဆိုတော့ သည်းခံပီး သူ ခေါင်းငြိမ့်ပြလိုက်သည်။
ဆရာ Jong က ငိုသံပါကြီးနှင့် ဆက်ပြောသည်။
"ဆရာကြီး စဉ်းစားကြည့်ပါ။ ကျွန်တော် ကျောင်းအပေါ် ဘယ်လောက်တောင် သံယောဇဉ်ကြီးပြီး ဘယ်လောက်တောင် သစ္စာရှိခဲ့သလဲဆိုတာ "
သူ့ဟာသူ အီးပါတာနဲ့ ကျောင်းအပေါ်သစ္စာရှိတာ ဘာဆိုင်တုန်း။
"သံယောဇဉ်ကြီးတတ်တဲ့ ကျွန်တော်ဟာ အီးပါတာတောင် ဟောဒီ့ကျောင်းက အိမ်သာတွေအပေါ် သစ္စာကြီးခဲ့တယ်။"
အဲ့တော့ အိမ်သာ ဘိုထိုင်ခွက်ကြီးပဲ သူ့ကို ဆုချရတော့မလိုလို။
"ကျွန်တော် ဘယ်လောက် ကျောင်းအပေါ် ချစ်တတ်ခဲ့သလဲဆိုရင်လေ ကျွန်တော့အချစ်ဦးလေးနဲ့ ဟောဒီ့ကျောင်းကြီးကို လဲခဲ့ရတာပါ ဆရာကြီး။"
ခုံကြီးကို တဗြန်းဗြန်းပုတ်လျှက်ပြောနေသော ဆရာ Jong ကို ကြည့်ရင်း ဆရာကြီး Lee Soo Man ခမျာ သူ့မြေးကိုသာ ရှိသမျှ အမွှေးတပင်ချင်းစီ နှုတ်ပစ်ချင်စိတ်ပေါက်လာလေသည်။
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanfictionဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae