"Kim Jongdae!!!"
"ခင်ဗျာ?"
"မင်းအပြစ် မင်းသိတယ်မဟုတ်လား"
"ဟုတ်"
"အပြစ်မပေးပဲ ခနခန သတိပေးတော့ တဖြေးဖြေး ပိုဆိုးလာတယ်။ ဒီကောင်။"
"ဆရာကြီး .. ဟို"
"ဘာပြောမလို့လဲ မင်ဆော့"
ပြောဖို့ ပြင်နေသော မင်ဆော့ကို Jongdae က ခြေထောက်ဖြင့် လှမ်းတို့လိုက်သည်။
မင်ဆော့က ဘာတုန်းဆိုသည့် သဘောဖြင့် မျက်လုံးကြီးပြူးပြီး ပြန်မေးသည်။
Jongdae က ခေါင်းခါပြသည်။
"နေစမ်းပါဦး။ မင်းတို့နှစ်ယောက်က ဘာဖြစ်နေကြတာတုန်းးးးး"
သူတို့နှစ်ယောက်ကို တယောက်တလှည့်စီ လိုက်ကြည့်နေသော Lee Soo Man က အော်တော့သည်။
"ဘာမှမဖြစ်ပါဘူး ဆရာကြီး။ ကျွန်တော့ကို အပြစ်ပေးမယ်ဆို"
"ငင်.."
Lee Soo Man မှာ ကြောင်သွားသည်။
တသက်နှင့်တကိုး အပြစ်ပေးမည်ဆိုတိုင်း ပလီပလာ ပြောနေကျ Kim Jongdae က အခု အပြစ်ပေးဖို့ကို တတ်တတ်ကြွကြွနှင့် သူ့ကို သတိပေးနေသေးသည်ကိုး။
"ဟုတ်တယ် မင်းကို အပြစ်ပေးရမယ်။ နေဦး... အင်း..."
တကယ်တော့ Kim Jongdae က ပလီပလာပြောမည်။ သူက ငြင်းမည်။ အငြင်းအခုန်ဖြစ်ရင်း စကားတတ်သော Kim Jongdae က အနိုင်ရကာ ဟိုလိုလိုဒီလိုလိုဖြစ်သွားနေကြဆိုတော့ တကယ်တမ်း အပြစ်ပေးရမည်လဲဆိုကော သူ ဘယ်လိုအပြစ်ပေးရမှန်း မစဉ်းစားထားမိ။
"ဆရာတွေ သန့်စင်ခန်းကို ဆေးခိုင်းလိုက်လေ။"
ဘေးနားက စောင့်ကြည့်နေသော ဆရာ Jong က သူ့ အကွက်ထဲဝင်လာသည်နှင့် အကြံပေးသလိုလို ဘာလိုလို ဝင်ပြောလိုက်သည်။
ဟုတ်သည်။
Kim Jongdae မှာ သူ့ဟာသူဆိုးပေမဲ့ ကျောင်းအုပ်ကြီးရဲ့ တဦးတည်းသော အချစ်ဆုံး မြေးဖြစ်ကြောင်း၊ သူ သိပြီးသားပင်ဖြစ်သည်။
ထို့ကြောင့် ဘယ်လို ပေါက်ကရလုပ်လုပ် စကားကို ကွေ့ပတ်ပြောပြီး လွတ်အောင်လုပ်မည်ဆိုးသဖြင့် စိတ်မချ လက်မချ လိုက်လာခြင်းဖြစ်သည်။
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanfictionဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae