မိုးစက်ကလေးတွေ တစက်ချင်းစုမှ
ရေအိုးအကြီးကြီး ပြည့်မှာတဲ့လား။
မလိုဘူးလေ။
ငါ့အချစ်က ရေတွင်း။
ကောင်းကင်ပေါ်က ကျမလာလဲ
မင်းအတွက်ဆို ဘယ်အချိန်ခပ်ခပ်
အချစ်တွေ
အမြဲ ပြည့်နေမဲ့ကောင်။
.
.
.
.
အသံမပေးပဲ သူ ခြေဖျားထောက်ပီး သားကောင်ဆီသို့ ချည်းကပ်နည်းဖြင့် လျှောက်လာလိုက်သည်။
တလှမ်း
နှစ်လှမ်း
သုံးလှမ်း...
"ဒေါင်"
"အားးးးးးးးး အိုမားးးးးးးးးး ဘာဖြစ်လို့ ယောင်းမနဲ့ ခေါက်ရတာလဲ >.<"
"နင်ကရော လူလိုမလာပဲ ဘာဖြစ်လို့ သူခိုးလို မီးဖိုချောင်ကို ဝင်လာရတာလဲ"
"အိုမားကို စမလို့ဟာကို "
"သိတယ်လေ အဲ့တာကြောင့် တမင် မသိချင်ယောင်ဆောင်ပီး ခေါက်လိုက်တာ။"
"အိုမားးးးးး >.<"
"သွားသွား အဖိုးကို ထမင်းစားဖို့ သွားခေါ်။ အကုန် အဆင်သင့်ဖြစ်ပြီလို့"
"ဝါးးးးးးးး ဟင်းတွေက ရှယ်ပဲ"
"ဆုရလို့ သနားလို့ ချက်ကြွေးတာ ဟွန်း။ သွားခေါ် အဖိုးကို"
"ဟုတ်"
~~~~~~~~~~~~~~~~
"အဖိုး"
"ဟေ"
"ဟိုဟာလေ"
"ဘာဟာတုန်း"
"ဟိုဥစ္စာ..."
"ဟာ ဒီကောင် ပြောစရာရှိတာမပြောဘူး။ ငါ တူနဲ့ ခေါက်လိုက်ရ"
သားအဖနှစ်ယောက်လုံးက အခေါက်အတော်သန်တဲ့ဟာတွေ။
Jongdae စိတ်ထဲကပဲ ပြောလိုက်သည်။
ထုတ်ပြောရင် ထပ်အခေါက်ခံရဦးမှာကိုး။
"နေ့လည်က သား ရုံးခန်းကိုလာတော့ အဖိုးရုံးခန်းမှာ ထိုင်နေတာ ဘယ်သူလဲ"
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanficဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae