မြို့အဝင်ဆိုင်းဘုတ်ကလေးကို မြင်တော့ မင်ဆော့ အတွေးတို့မှ နိုးထလာသလိုလို။
ငါးလလောက်ခွဲခွါခဲ့ရသော မြို့ကလေးက အရင်အတိုင်း ဘာမှ သိပ်မပြောင်းလဲပေ။
မြို့အဝင်နားက ကော်ဖီဆိုင်လေးကတော့ ဆောင်းရာသီ လက်ကျန်နှင်းမှုန်များကြား မှုန်ဝါးလျှက်။
သူ့စိတ်စဉ်သည်လည်း အဆိုပါ မြင်ကွင်းကဲ့သို့ပင် ဝေဝါးလျှက်။
စာမေးပွဲနောက်ဆုံးနေ့က ချမ်းချမ်းစီးစီးထဲ တနေကုန်ထိုင်လိုက်သော ဒဏ်ကြောင့် သူ ဖျားလေသည်။
အဖျားကြောင့်ရော၊ စိတ်ရှုပ်တာကြောင့်ရော ပေါင်းကာ Baekhyun တို့ အိမ်လာသည်ကိုပင် သူ ထွက်မတွေ့ခဲ့။
နောက်တော့ ကျောင်းပိတ်ရက်တွေထုံးစံအတိုင်း ဆိုးလ်ကို ပြန်သွားရလေသည်။
ဆိုးလ်ရောက်တော့မှ သူ့အစ်ကို Suho က ထိုနေ့က ဘာကြောင့် Jongdae မလာရသလဲ ဆိုသည်ကို ဇာတ်စုံခင်းပြလေသည်။
"သူက ဘာလို့ သူကိုယ်တိုင် လာမရှင်းပြရတာလဲ"
စကားအကြာကြီးပြောလိုက်ရသဖြင့် မောသွားဟန်ရှိသော Suho ကို သူ မေးလိုက်တော့ Suho က ပခုံးကို တွန့်ပြသည်။
"Jongdae ဆိုတဲ့ကောင်ရဲ့ အတွေးအခေါ်က မင်းတို့ငါတို့နဲ့ တူတာမှမဟုတ်တာ"
Suho က ထိုသို့ပင် ပြန်ဖြေလေသည်။
ရှင်းပြခံရမဲ့လူကပဲ သူ့ရှေ့သွားပီး ရှင်းပြပေးပါလို့ တောင်းပန်ရဦးမလားမသိ။ အရူးကောင် ဟု စိတ်ထဲက တိုတိုနှင့် တွေးလိုက်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Cheongshim High school Graduration
"ရုပ်ကြီးက တကျောင်းလုံးမှာ ပထမ မရ လို့လား အဲ့လောက်မှိုင်နေတာ။ ငါလဲ ညီလေးဆိုပီး လျှော့ပေးချင်ပါတယ် ဒါပေမဲ့လည်း Kim Suho အဘိဓာန်မှာ ဒုတိယဆိုတာ ပါမလာဘူးလေ။ ဟက်ဟက်"
Suho က နားနားကပ်ပြီး လာနောက်နေသဖြင့် သူ စိတ်ရှုပ်ရှုပ်နှင့် ပြန်ပြောလိုက်လေသည်။
"သွားစမ်းပါ"
"အောင်မာ။ စေတနာနဲ့ သူ့ဖို့ သတင်းလာပေးတဲ့လူကို ဟောက်လွှတ်နေတယ်။ ငါ မပြောပဲ ထားလိုက်ရ"
YOU ARE READING
စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}
Fanfictionဖြစ်နိုင်ရင် ကျွန်တော်က သူ့ကို နေခြည်တောင် မခတဲ့ ပန်းကလေးအဖြစ် အရိပ်လို... ..... မိုးအုပ်ထားချင်တာ -Kim Jongdae