Run Away

1.2K 203 20
                                    

ထိုနေ့ညက သူ့အိမ်မက်ထဲတွင် အပြာရောင် မေပယ်လ်ပင်ကြီးအောက်မှာ ထိုင်နေသော အဖြူရောင်ဆွယ်တာဝတ်ထားသည့် ပဲပေါင်မုန့်လေးတစ်လုံးက လက်ယက်ခေါ်နေသည်။

သူအပြေးသွားလိုက်သည်။

"မင်ဆော့...

ကိုယ့်ရဲ့ မင်ဆော့လေး"

(အပြာရောင် မေပယ်လ်ပင် ဘယ်မှာရှိလို့တုန်းလို့ အထွန့်မတတ်ပါနှင့်။ အိမ်မက်ထဲတွင် ကြိုက်သလိုမက်လို့ရသည် မဟုတ်ပါလား)

အနားရောက်တော့ ပဲပေါင်မုန့်ဖြူဖြူလေးက အလိုမကျသလို မျက်မှောင်ကို တွန့်ချိုးထားသည်။

"ဒီနေ့.. လုံးဝ လွဲလို့မရဘူးဆိုတာ သိတယ်မဟုတ်လား။ ကျောင်းနောက်ဆုံးနေ့ကလိုမျိုး မလာလို့ကတော့.. ဒီတစ်ခါ ငါးလလောက်ဝေးမှာမဟုတ်ဘူးနော်။ ငါးနှစ်စာလောက်ဝေးမှာ။ သိတယ်မဟုတ်လား။ ဘယ်လိုအကြောင်းပြချက်နဲ့မှ... နောက်မကျ.. နဲ့"

ပြောရင်း ပြောရင်း သူ့ angel လေးမှာ အဝေးသို့ လေနှင်ရာလွင့်သွားသည်။

Jongdae အလန့်တကြားဖမ်းဆုပ်ဖို့ ကြောက်အားလန့်အား ရှေ့တိုးရင်း ဖမ်းလိုက်မိသည်။

"အားးးးး မင်ဆော့..."

*****************************************

ဝုန်းခနဲ ကုတင်ပေါ်က ပြုတ်ကျခြင်းဖြင့် လောကကြီးနှင့် ပြန်အဆက်အသွယ်ရလာသလို။

အလန့်တကြား စားပွဲတင်နာရီကို လှမ်းဆွဲတော့ အခုမှ ငါးနာရီ။

ချွေးစေးတွေ ကြားမှာ သူ သက်ပြင်းချမိသည်။

ဒီနေ့..

မင်ဆော့ နိုင်ငံခြားသွားရမည့်နေ့။

နှစ်ယောက်သား အတူ ထွက်ပြေးဖို့ ဆုံးဖြတ်အပြီးတွင် ပြသနာက ဘယ်လို လွတ်အောင်ပြေးကြမလဲ ဆိုတာပင်။

အစောင့်အကြပ်ထူထပ်လွန်းသော မင်ဆော့အိမ်မှ ထွက်ပြေးလာဖို့ အဆင်မပြေသလို Jongdae ကလည်း သူ့အိမ်အတွင်းသို့ မဝင်နိုင်။

ထွက်ပြေးပြီပဲထား။ ကိုရီးယားနိုင်ငံအတွင် နေသရွှေ့ မင်ဆော့အဖေ၏ ရှည်လျားလှသော လက်တံအဆက်အသွယ်တွေကြား ပြန်မိမှာ အသေအချာ။

စိုမှာစိုးလို့ မိုးမိတယ် {COMPLETED}Where stories live. Discover now