ချစ်သော....

13.5K 718 25
                                    

"ကောင်းကင်ကပြာတယ်...
ပင်လယ်ကပြာတယ်...
ပန်းတွေကမွှေးတယ်...
လေပြေက အေးတယ်...
ချစ်သူက..."

"Tsk...ချစ်သူကပြီးတော့..."

Notebook ရဲ့ Keyboard ခုံပေါ်ကလက်
ချောင်းလေးတွေ ငြိမ်သက်နေသလို
Monitor မှစာလုံးလေးတွေကလည်းရပ်
တန့်သွား၏..

ချစ်သူမထားဘူးတဲ့သူ့အတွက် ချစ်သူဆိုတာ
ညဖက်မှာ သာတဲ့ လမင်းလား..
နေ့ဖက်မှာ သာတဲ့ နေမင်းလား..

မခွဲခြားတတ်ပါ...

"ဒီနေ့ဒါနဲ့တင် တစ်နေကုန်ပြီလား...?"

ချစ်သူရည်းစားထားရခြင်းကို ဒုက္ခလို့ခံယူ
ထားသောသူ့အတွက် ချစ်ရသောသူသည်
လမင်းလည်း မဖြစ်နိုင်ပါ
နေမင်းလည်း မဖြစ်နိုင်ပါ

"ချစ်သူက ကျောက်တုံး...ခ်...ဟားဟား.."

ကိုယ့်ဘာသာကိုယ်ရေးရင်း ဟတ်ဟတ်ပက်
ပက်ရယ်လိုက်မိ၏...

စာရေးဆရာ Byun Baekhyun ရဲ့ အချစ်
ရေးဆောင်းပါးတွေသည် ချစ်သူမရှိတစ်ကိုယ်
တော် စိတ်ကူးစိတ်သန်းနဲ့ရေးသားဖန်တီး
ထားသော စိတ်​ကူးယဉ်​စာပေများ...~

....

"ဒေါ်လေး...ကျတော်ဒီနေ့နည်းနည်းနောက်ကျမယ်..."

အသက်က နှစ်ဆယ့်ငါးထဲဝင်နေပြီ...
အိမ်ကိုမပိုင်သေးတာလား...အိမ်ကလူတွေက
ပဲ ကြပ်လွန်းတာလား မသိတော့...
အကုန် သတော်ဦးတင်ရတုန်း...

"မနက်ကတည်းကထမင်းဘယ်မှာစားမှာတုန်း
နင့်ဦးလေးပြန်လာရင်ငါကဘယ်လိုပြန်ဖြေရ
မလဲ..?"

"ကျတော်...သူငယ်ချင်းရှိသွားမှာပါ..စိတ်မပူ
နဲ့အဲ့မှာပဲ စားမယ်.."

"စာအုပ်တန်းလန်းဖြစ်နေရင်လည်းအပြီး
သတ်ဖို့စဉ်းစားစမ်းပါအုံး..အားနေလျှောက်
သွားနေတာပဲ.."

"အဟင်း.."

ဒေါ်လေးကို ဟန်ဆောင်ပြုံးနဲ့သာ ဟင်းကနဲ
ရယ်ပြလိုက်ရင်း ကိုယ်မပိုင်သောအိမ်ကနေ
ထွက်လာခဲ့၏...

အိမ်က Omma ပေးခဲ့တဲ့ စီးပွား​ရေးအမွေ
သားတစ်ယောက်ဖြစ်ပြီးတောင်တာဝန်မယူ
နိုင်ခဲ့ဘူး...ဒါကြောင့် အမေ့ရဲ့ ခဲအိုကသူ့ ကိုယ်ပိုင်လုပ်ငန်းရော အမေ့ရဲ့လုပ်ငန်းကို ပါဦးစီးနေတယ်...
ကိုယ် စိတ်ဝင်စားတဲ့ အလုပ်ကိုလုပ်ရင်ပို
ဖြစ်မြောက်တယ်တဲ့...စာရေးတာကိုသဘော
ကျလို့ Omma ကလည်း ဖြစ်အောင်လုပ်
ဖို့အားပေးခဲ့တယ် ပံ့ပိုးခဲ့တယ် စာရေးဆရာ
ဖြစ်လာတော့ ဝင်ငွေ့တစ်ဝက်ကို အိမ်က
အမေရဲ့ ညီမအရင်းဒေါ်လေး ကိုတစ်ဝက် ပြန်ခွဲပေးရတယ်..ဒါကြောင့် ကျတော့်ဝါသနာကြောင့်စပြီးလုပ်ခဲ့တဲ့ အလုပ်က ကျတော်ကျေးဇူး
ကြွေးပြန်ဆပ်ဖို့ အသုံးခံဖြစ်နေခဲ့တယ်...
ကျတော်တန်ဖိုးထားပေမယ့် ကျတော့်ရဲ့
အလုပ်တန်ဖိုးက ဒီလောက်ပဲရှိတော့တယ်
ထင်တယ်...

ချစ်သောပင်လယ်ပြာWhere stories live. Discover now