ကျတော်သူ့ကို လုံးဝပြန်လှည့်မကြည့်မိ...
တစ်ချက်လေးတောင်လှည့်မကြည့်ချင်...သူဝယ်ပေးထားတဲ့စကောလောက်ကြီးတဲ့ဦးထုပ်ကိုရင်ဖက်ထဲမှာသာပိုက်ရင်း အရှေ့ကိုသာဆက်လျှောက်နေမိ၏..
သူ့ဘာသာသူ အနောက်ကနေ ခွေးပြေးဝက်ပြေး
နဲ့လိုက်လိုက် မလိုက်လိုက် ဂရုမစိုက်ဖူး...အနောက်ကနေ စက်ဘီးကိုတွန်းပြီး... "Baekhyun Baekhyun"တဆာဆာအော်ခေါ်နေ၏...
စိတ်ထဲမှာ လုံးဝအလိုမကျ...
"ဟာကွာ..နေစုတ်..ဒီနေမှအသေမျက်နှာကိုထိုးနေ
တယ်..!"ပင်လယ်ပြင်အထက်တွင်တောက်ပနေတဲ့နေမင်း
ကြီးကိုပါ မဆီမဆိုင် ဒေါသထွက်နေတဲ့အဖြစ်...လူကစိတ်ပေါက်ပေါက်နဲ့ သွားတော့ပင်လယ်ကမ်းခြေ ကြမ်းပြင်မှသဲတွေကလည်း တိုနေတဲ့ကျတော့
စိတ်ကိုဆွတယ်...ကျတော့်ခြေထောက်ကိုဆွဲနေကြတယ်..><
"Ashi...ဒီသဲတွေကတစ်မျိုး.."
အရှေ့ကိုသာ ရှုတေတေနဲ့ဆက်လျှောက်နေမိသည်
နောက်ဆုံး ခေါင်မိုးပြာပြာနှင့်အိမ်ရောက်တော့မှ
ကျတော် အခန်းထဲကိုဝင်ကာလောခ့်ချလိုက်ရင်း
ကြမ်းပြင်ပေါ်သာ ထိုင်ချပစ်လိုက်၏..."အား..Byun Baekhyun အရူး..အရူး..
ဒါကဘာဖစ်တာလဲကွာ.."Park Chanyeol အဲ့ပြိုင်ပွဲမှာဝင်ပြိုင်မယ်ဆိုတာ
ကကျတော့်စိတ်တွေကိုဘာလို့နောက်ကျိစေတာလဲ
ဘာမှမဖြစ်သင့်ဖူးလေ..သူ့ဘာသာသူပေးမယ့်ဆု
တွေမက်မောလို့ပြိုင်မယ့်ဟာကို....!...."Baekhyun..ဒီမှာဖိနပ်..."
Ashi...အခန်းအပေါက်နားကနေ လာပြောသော
ကျွန်းသားရဲ့အသံကြောင့် ကိုယ့်ခြေထောက်ကို
ငုပ်ကြည့်လိုက်ကာ သက်ပြင်းအကြီးစားကြီးကို
ချမိ၏...ဖိနပ်တစ်ဖက်သာရှိတဲ့ကျတော့်ခြေထောက်က
ကျတော့်ကို မင်းရူးနေပြီ ဆိုတာကိုထောက်ခံပေး
လိုက်သလိုပဲ...