P.s ခပ်ဆွေးဆွေးသီချင်းဖွင့်ပီးမဖတ်ပါနှင့်..~
_______ ...._______....______...._____....
တစ်ချို့အရာတွေက မဖြစ်နိုင်တာထပ်မဖြစ်သင့်
တာတွေမို့ မြန်မြန် ကျော်ဖြတ်သွားချင်မိတယ်...များပြားလှတဲ့ ဘဝရဲ့အချိုးအကွေ့တစ်ချို့မှာ
ခဏတာ သာတွေ့ဆုံခဲ့ရခဲ့ပေမယ့် တစ်သက်လုံး
အမှတ်တရဖြစ်နေမှာပါ...Baek ah...ဟိုး မကြာသေးခင် လပိုင်းလောက်က ကျတော့်
ဘဝထဲကို သူဝင်ရောက်လာခဲ့တယ်...
ဟိုး မကြာသေးခင် ရက်ပိုင်း အချို့ကမှ ကျတော်
ခံစားချက်တွေကိုအတည်ပြုနိုင်ခဲ့တယ်...မကြာသေးခင် ကာလတွေက ကျတော်တို့
နှစ်ယောက် တူတူ ရယ်မောဖူးသည်...တစ်ယောက်ရဲ့ စိတ်သဘောထားကို လွတ်လွတ်လပ်လပ် မျှဝေခဲ့ကြသည်...ဝမ်းနည်းခြင်း ထို့အတူ
ပျော်ရွှင်မှုတွေပါ...ဒါပေမယ့် အဲ့အရာတွေကအခုတော့ ဘာမှမဟုတ်
တော့....ဘာတန်ဖိုးမှမရှိတော့...ကျတော့်ရဲ့ဘေးချင်းကပ်အခန်းမှာနေတဲ့ "သူ"
ဆိုသော ဖြစ်တည်မှုမရှိတော့သည်မှာ...
ခံစားချက်များကိုမှင်ဖြင့်ကျရေးထားသော စာရွက် တစ်ချို့ကိုစုတ်ဖြဲပစ် လိုက်၍ ဗလာများသာ ကျန်ခဲ့သည့်အဖြစ်မျိုးနှင့် ဆင်တူပါ၏..။စိတ်မထိန်းနိုင်စွာ သေသပ်စွာ ပိတ်ထားတဲ့
အခန်းတံခါးကို ရူးရူးမိုက်မိုက်ဖွင့်ကြည့်မိတယ်..ရှင်းလင်းနေသော အခန်းအတွင်း ပိပြားနေတဲ့
အိပ်ရာခင်းတွေ...မှန်ပြတင်းပေါက်ကို ကာရံထား
တဲ့ ငြိမ်သက်နေတဲ့လိုက်ကာစတွေ...အခန်းထဲသို့ တရွေ့ရွေ့ ဝင်သွားမိလို့နေသားကျ
နေသော ဆိတ်ငြိမ်ခြင်းတွင်မှ ခြေသံသဲ့သဲ့ကိုသာ
အသားပေး ကြားနေရတယ်...ပိုင်ရှင်မဲ့ အခန်းတွင်းမှ နွေးထွေးမှုလှိုင်းများသည်
ယိုစိမ့်နေသော ရေပုံးထဲမှရေများကဲ့သို့ အဖက်မတင်..ရှာဖွေ၍မရ...
