ပင်လယ်ကိုမြင်ရသော ရှုထောင့်ကောင်းကောင်းမှနေရင်း လက်ညှိုးနဲ့လက်မသုံးကာ
ဘောင်ခတ်ရင်း မျက်လုံးတစ်ဖက်မှိတ်ကာ
လက်ဗလာဖြင့်ကင်မရာရိုက်နေသော ကောင်လေးကို အပေါက်ဝမှအရပ်ရှည်ရှည်နဲ့
ကောင်လေးတစ်ယောက်ကငေးလို့..."ဒီပုံလေးကို မှတ်တမ်းတင်ထားချင်လိုက်တာ..နေထွက်ချိန်...နေလုံးကြီးကဘာလို့
အဲ့လောက်လှနေရတာလဲ..!..ပင်လယ်နဲ့မို့
ပိုပနံသင့်နေတာထင်တယ်...ဟူး..ငါ့ဖုန်းလေး
သာရှိရင်သိပ်ကောင်းမှာ.."ညီးညူသံလေးကိုကြားပီး အခန်းဝက အမောင် Park Chanyeol ကကြားပြီးခေါင်း
တဗျင်းဗျင်းကုတ်ကာ စိတ်ပျက်လက်ပျက် နဲ့
တံခါးလေးကိုအသာပြန်စိပေးပြီး ထွက်သွား
လေသည်..Baekhyun ဖြင့် သူ့လာကြည့်နေမှန်းတောင်
မသိလိုက်ပေ...နေလုံးကိုမျက်ကွယ်ပြုရင်း မျက်စိရှေ့က
စာရွက်အဖြူအလွတ်လေးတွေထပ် မှင်ပြာ
ပြာများရေးမှတ်လို့..........
"ဒီနေ့ ဘယ်သွားမို့လဲဟင်..?"
ခါတိုင်းလို အကွက်စိပ်ပေါင်းစုံနဲ့
ကျွန်းသားဝတ်နေကျအင်္ကျီမဟုတ်ပဲ သာမန်ထက်အနည်းငယ်သားနားနေသော အပြင်အဆင်ကြောင့် ဘယ်သွားမလဲမေးတော့"ဟို..ရွာအလယ်...လိုက်ခဲ့လေ.."
"ကျတော်ပါလိုက်ခဲ့ရမှာလား..?"
"အင်း..ပျင်းနေတယ်မလား..လိုက်ခဲ့ပေါ့..
စက်ဘီးနဲ့သွားကျမယ်လေ.."သူက အိမ်အဝနားတွင်ရပ်ထားသော
ယောက်ျားစီးစက်ဘီးကြီးကိုလက်ညှိုးထိုး
ပြရင်းပြော၏..ဒါနဲ့ Park Chanyeol ရဲ့အပါးကပြောဖူး
တယ်နော့..
ဒီအိမ်ကတည်းခိုခန်းဆိုပြီး ကျတော်နေနေတဲ့
သုံးရက်လုံးလုံး လာတည်းလည်းဧည့်သည်
လည်းမတွေ့ပေ..."baekhyun လည်းသွားပြင်လေ.."
"တော်ပါပြီ..ကျတော်ဒီတိုင်းလိုက်မယ်လေ.."