"ကျတော်..."
"Baekhyun ရယ်...မင်းပြန်လိုက်မှကိုဖြစ်မှာနော်..."
ဘယ်လိုသိသွားကျတာလဲ...ကျတော် အရာရာကို
စွန့်လွှတ်ပီး ဒီပင်လယ်ကြီးရဲ့အရိပ်အောက်
ချစ်သော သူ့ရဲ့ အနားမှာ ခိုလှုံမယ်ဆိုတာကို...
ဘာလို့ ဒီလောက်လျင်လျင်မြန်မြန်သိသွားကျရ
တာလဲ...ကျတော် အရင်ကလို လူကြိုက်များတဲ့စာရေးဆရာ... Seoul လိုစည်ကားတဲ့မြို့မှာနေနိုင်တဲ့သူပြန်ဖြစ်ရမယ်ဆိုရင်တောင် ကျတော်ပြန်မလိုက်ချင်ပါ...ဒီကျွန်းလေး...ဒီလိုမျိုး နေရတဲ့ဘဝမျိုးလေးကိုကျတော်သဘောကျတယ်.
ပီးတော့.....သူ့ကိုရော....ကျတော်မထားခဲ့နိုင်ဖူး...
Seoul ကို ပြန်လိုက်သွားပါပီရဲ့...ကျတော်လာခဲ့
တုံးကအချိန်တွေလို ရှုပ်ထွေးပီးစိတ်ပျက်စရာတွေ
နဲ့ပြည့်နေအုံးမယ်ဆိုတာသိနေသည်...အခုဆိုလည်း Seoul ကိုကျတော်သာလိုက်မသွား
လျှင် သူတို့လင်မယားနှစ်ယောက်လုပ်ချင်တာ
လုပ်ထားလို့ အခွံဖြစ်နေပီဖြစ်တဲ့ ကုမ္ပဏီ ပြိုလဲ
သွားတော့မယ့်အတွက်ကြောင့်ပဲထင်ပါ၏...။"ကျတော် မလိုက်နိုင်ဖူး..ဒေါ်လေး..."
ကျတော့်အဖြေအဆုံးမှာ ဒေါ်လေးကရင်ဖက်ကို
ဖိရင်း ထိုင်နေရာမှတစ်ချက်ယိုင်သွား၏.."သား...Baekhyun..အဲ့လိုလုပ်လို့မဖြစ်ဖူးလေ...မင်း Seoul ကိုပြန်လိုက်လာမှ ကုမ္ပဏီ က
ပြန်ပီးလည်ပတ်နိုင်မှာ...မဟုတ်ရင်အမေထားခဲ့
တဲ့တစ်ခုတည်းသောအမွေက အလဟာသ ဖြစ်သွားလိမ့်မယ်.."ဒေါ်လေးရဲ့ယောက်ျားဖြစ်သူက ယိုင်သွားတဲ့
ဒေါ်လေးကို ထိန်းကိုင်ထားပီး ကျတော့်ကိုဖြောင်း
ဖျနေတယ်...ကျတော်မပြောဖူးလား...သူ တို့လာရှာတဲ့အကြောင်းက ကုမ္ပဏီ ပါလို့...
ကျတော့်ကို လိုမှ ကျတော့်ရဲ့အမေ ရဲ့တစ်ခု
တည်းသော အမွေ ဆိုပြီး ကောင်းကင်ဘုံက
အမေ့ရဲ့ နာမည်ကိုအသုံးချပီး ကျတော့်ကို သူတို့
လောဘရဲ့ဓားစားခံလုပ်ချင်ကြတယ်...
![](https://img.wattpad.com/cover/89170288-288-k344283.jpg)