သူပေးထားသောအခန်းလေးသည် တော်သင့်
ရုံမှကျယ်သော်လည်း ဘာပစ္စည်းမှမပါလာ
တော့သော ကျတော့်အတွက် ညဖက်တောင်
ကြယ်မထွက်သော ကောင်းကင်ကိုကြည့်ရင်း
သာလေရှူနေမိ၏...
ဗီဒိုထဲထည့်စရာ ပစ္စည်းစီစရာတွေမှမလိုတာ
ရယ်...ခုနက သာမန်ထပ်ထူးခြားသော ညနေစာလေး
ကို Park Chanyeol ဆိုသောသူကပြင်
ဆင်ပေးလေသည်..မုန်တိုင်းတိုက်လို့ဟင်း
ကောင်းကောင်းမချက်ပေးနိုင်ဘူးတဲ့လေ..
ကြက်ဥပြုတ်နဲ့...:3"မိုးအုံ့နေလို့ ကြယ်မထွက်တာထင်တယ်.."
မုန်တိုင်းတိုက်ပြီးပြီးချင်းမို့ ကောင်းကင်က
အုံ့မှိုင်းနေဆဲပင်...Seoul ရဲ့ကောင်းကင်
ကြီးနဲ့ မခြားသော်လည်း ပင်လယ်ပြင်က
လေသင်းသင်းတို့က အနည်းငယ်ခြားနားစေ
တယ်...မီးတိုင်တွေ မီးလုံးတွေနဲ့ လင်းထိန်နေတဲ့
Seoul မြို့ကိုမြင်သားကျနေတဲ့ကျတော့်
အတွက် မှောင်နေသော လောကကြီးကအစား
ထိုးယူထားတော့ခံစားချက်ကတစ်မျိုးလေး..ကောင်းကင်မှောင်မှောင်ကိုကြည့်ရင်းပေါ်လာတာက JongDae ဆိုသော သူ့သူငယ်ချင်း..
အခုလောက်ဆို ဖုန်းဆက်လို့ မကိုင်လို့ ဆက်သွယ်လို့ မရလို့စိတ်ပူနေမလားပဲ...
"JongDae ကို ဘယ်လိုဆက်သွယ်ရပမလဲ.
ဟိုတစ်ယောက်ဆီမှာဖုန်းတွေဘာတွေရှိမယ်
ထင်တယ်...နောက်မှမေးကြည့်ရမယ်.."ဝီ..ဝီ...
"အ..ဘာအကောင်လဲဟ.."
ပေါင်နားက ဆူးကနဲ လက်မောင်းကအောင့်က
နဲ..."ခြင်..ခြင်ထင်တယ်.."
Seoul တွင် တစ်ခါမှမတွေ့ဖူးသော ခြင်ဆို
သောသတ္တဝါနှင့် ထိပ်တိုက်ရင်ဆိုင်ရသော
အခါ..."အား..Ommaရေ...ယားတယ်.."
ခြင်ကိုက်သဖြင့် ခုန်ပျံပြေးလွှားနေသော
Baekhyun...တဝီဝီ အသံပြုကာ သူ့နောက်လိုက်နေသည်
ဟုထင်ရသော ခြင်တွေကို ကျိန်ဆဲနေ၏.."ခြင်စုတ်တွေ..ခြင်နာတွေ....
Ashi...ခုနကမရှိပါဘူး..အခုမှ အများကြီး.."ညဖက်ကြီးကို ပြတင်းပေါက်ကြီးအားရပါး
ရဖွင့်ထားတာကို ခြင်ဝင်မှာပေါ့...
Seoul လိုမှမဟုတ်တာ...
![](https://img.wattpad.com/cover/89170288-288-k344283.jpg)