"..."
"တော်ပါတော့..Baekhyun ah..ကိုယ်မောနေပီ.."
နေညိုချိန် ရွှေနေခြည်မှုန်မှုန်ပက်ဖြန်းနေတဲ့အချိန်
သူ့ရယ်သံလေးချိုချိုလေးများပျံ့လွင့်လို့...ပင်လယ်ပျော်တွေလို ပြေးလွှားပျံသန်းရခြင်း
ကိုနှစ်သက်သော သူရယ်..."ဒီနားလာထိုင်လေ...ဒီနားကအေးတယ်.."
မြေဗလာနတ္ထိပေါ် ထိုင်ချရင်း သူ့ဘေးတစ်နေရာကို
ခပ်ဖွဖွပုတ်ပြ၏..ပင်လယ်ပြင်ကြီးကမျှတပါတယ်..အေးမြခြင်းကို
တန်းတူညီတူ မျှဝေစေတာပဲလေ...အင်း..သူ့ဘေးမှာဆိုပိုအေးချမ်းလေသလား...
သူ့ဘေးတစ်နေရာမှာထိုင်လိုက်ရင်း သူငေးနေရာနဲ့
နီးတူ အဆုံးသတ် မရှိသော ရေပြာပြာတို့ကို
အကြည်ဆိုက်မိ၏...ဘေးနားမှ မျက်လုံးကိုစောင်းငဲ့ကြည့်တော့ နားထင်စပ်နားတွင်ချွေးစက်သေးသေးလေး
တစ်စက်ကမေးဖျားဆီ ခပ်ဖွဖွလေးလျှောဆင်း သွား၏..
ရွှေရောင်ဖျော့ဖျော့ဆံစလေးတွေနဲ့အတူ ချွေးစက်
လက်တို့ဖြင့်ကြည်လဲ့နေသော လူသားရုပ်ထုလေး
သည် ကျတော့်ဘေးတွင် တည်ရှိနေ၏.."Chanyeollie...."
သူခေါ်သံ သာသာလေးကြားရတော့
တစ်ဦးတည်း စာစီ တစ်ဦးတည်းကဗျာဖွဲ့နေရာက
ကြောင်အန်းအန်းဖြစ်သွား၏.."အန်.."
ထူးသံကတောင် အူတောင်တောင်အသံဗလာတစ်စုံဖြစ်သွား၏..
"Chanyeollie ရဲ့လောကကြီးမှာ တန်ဖိုးဖြတ်မရ
တဲ့အရာတွေရှိမှာပေါ့နော်.."တစ်မိနစ်ရဲ့လေးပုံတစ်ပုံခန့်နောက်ပိုင်းသူ့မျက်နှာအဖြေကို
အသံခပ်တိုးတိုးဖြေမိ၏.."ရှိတာပေါ့.."
အဖြေကြောင့် သူ့ရဲ့ဖြူစင်သောမျက်ဝန်းတစ်ချို့
ဟာကျတော့်ဖက်ကိုယိုင်ကြည့်တယ်...