"ကျမကတော့ ဆင်စွယ်ရောင်ကိုပိုသဘောကျ
တယ်..ဆင်စွယ်ရောင်ကတော်ဝင်ဆန်တယ်လေ..
Baekhyun shi ကရော..."ဆင်စွယ်ရောင် သတို့သမီးဝတ်စုံရဲ့ ပခုံးစများကို
ကိုင်ရင်း ပြောလာသော သူမသည် ပြုံးစစ မျက်နှာ
ပေးနဲ့ ကျတော့်ကိုမေးလာ၏..ရေလှိုင်းသဏ္ဌာန်ဖျာကျနေသော ဂါဝန်အောက်ဖျားစများသည် အတော်ပင်ရှည်လေသည်...
သို့ပေမယ့် ဒီဝတ်စုံသည် ကျတော်ဝတ်မှာမဟုတ်
သည့်တိုင် သူမ သဘောကျဖို့သာလိုသည်မလား..."Gomi shi..သဘောကျတာကိုရွေးပါ..."
"ကျမ ဒါကိုဝတ်ကြည့်ရမလား..."
သူမရဲ့ မျက်လုံး တို့သည် တဖျတ်ဖျတ်လက်ရင်း
ကျတော့်ကိုလှည့်ကြည့်ပြောလာ၏...ယောင်ယောင်ယမ်းယမ်းခေါင်းငြိမ့်ပြမိတယ်ထင်ပါ
တယ်...မင်္ဂလာဆောင်ဝတ်စုံဆိုင်မှဝန်ထမ်းနောက်မှ
မြောက်ဆွမြောက်ဆွပါသွားလေသည်...အခြားသော သူတို့သည်ရော ကိုယ့်သတို့သမီး အတွက် မင်္ဂလာဆောင်ဝတ်စုံလာရောက်ရွေးကြ
တဲ့အခါ ကျတော့်ကဲ့သို ယောင်နနဖြစ်နေကြသည်
လားမဖြစ်နိုင်...သတို့သမီးက ဝတ်စုံလဲနေတဲ့အခါမှာ သတို့သား
ကဘာလုပ်နေတတ်မလဲ...?...ကျတော်မသိပါ...ထိုင်နိုင်ရန် ခင်းကျင်းထားသော Leather Sofa
ပေါ်ထက်တွင် ထိုင်ရင်း မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို
ကောက်ကိုင်ကာ ပြင်ဆင်ပီးထွက်လာမည့် သတို့သမီး ကိုရင်ဖိုစွာ စောင့်ဆိုင်းရမည်လား...ထိုသို့ သာမန်ရိုးကျ စောင့်စားမှုမျိုးသည် ကျတော့် လို လူအတွက်တော့ဘာမှမဆိုင်ဘူးမဟုတ်လား...
ဆိုင်အတွင်းတွင်သာ ဟိုဟိုဒီဒီ လည်ပတ်ကြည့်ရှုနေလိုက်မည်...
မင်္ဂလာဝတ်စုံဆိုင်သည်အတော်ပင်ကျယ်ပြီး
အဆင့်မြင့်ပုံပေါ်သည်...အင်းလေ..Lee Gomi
၏မိသားစုအသိုင်းအဝိုင်းသည် ချမ်းသာကြွယ်ဝ
ကျတယ်မဟုတ်လား...