ပင်လယ်ကြီးက ပြာတယ်...
ကောင်းကင်ကြီးက ပြာတယ်...
ချစ်ရသူကလည်း...."အင်းး.."
Baekhyun အိပ်ရေးတအားဝနေပီဖြစ်တာကြောင့် ဘယ်သူ့ပယောဂကြောင့်မှမဟုတ်
ဇက်ကနဲကိုနှိုးလာခဲ့တာ...ခေါင်းထဲမှာ လိုင်းမူးသလိုမူးနောက်နောက်ဖြစ်နေ
ဆဲ..နိုးနိုးချင်းတွေ့ရှိလိုက်ရသော မြင်ကွင်းသည် လန့်ဖြန့်စရာ..
အပြာရောင် Boxer နှင့် နောက်ကျောပေးကာ
မှောက်ခုံကြီးအိပ်နေသော လူတစ်ယောက်..."အား!!!"
အသံခပ်စူးစူးနဲ့အော်လိုက်ကာ ဒူးခေါင်းကိုကွေးလိုက်ပီးစုံကန်ချလိုက်မိ၏..
ဒုန်း..
"အ..."
ခုတင်အောက်ကို ဒုန်းကနဲပစ်လဲကျသွားတာများ
ခြေပစ်လက်ပစ် ကွေးကွေးလေး...
ဆံပင်တွေကိုဆွဲဆုတ်ကာကုတ်..ဟိုပွတ်ဒီပွတ်လုပ်
နေသော စွပ်ကျယ်နှင့် Boxer သာဝတ်ထားသော
သူနောက်ကျောက...မဟုတ်မှလွဲ.."Park Chanyeol..!"
"အာ..နာလိုက်တာ.."
တံတောင်ဆစ်တစ်နေရာကိုသာပွတ်ထားရင်း
ကျတော့်ရှိရာခုတင်ပေါ်သို့စူပုတ်ပုတ်နဲ့ကြည့်လာ
၏..အို..တကယ်..Park Chanyeol ပဲ...ရိုးရိုးသားသားနေတတ်တဲ့ ကျွန်းသားပုံစံကအခု
ကျ Sexy လိုလိုဘာလိုလို...အဲ့ကျတော်ဘာတွေ
တွေးမိတာလဲ.."ဘာလို့ အဲ့လိုပုံစံဖစ်ပျက်နေတာလဲ..."
ခုတင်အောက်ကနေအခုထိထမလာ...ပေကပ်ကပ်
နဲ့ တင်ပါးကိုပွတ်နေပြန်သေး၏..ကျတော့်ကိုပေ
စောင်းစောင်းနဲ့ကြည့်နေတာဘာသဘောလဲလေ...အဲ့လိုဆိုတော့လည်း ကျွန်းသားက မူကြိုကလေး
လေး စိတ်ကောက်နေတာနဲ့တူပြန်နေရော..
အော်..ဖြူစင်ပါတယ်ဆို...ဒါပေမယ့် အခုသူဖြစ်ပျက်နေတဲ့ပုံစံနဲ့ကတော့ ဖြူစင်တယ်ပြောဖို့က..
![](https://img.wattpad.com/cover/89170288-288-k344283.jpg)