ဟမ္မူ.ရာဘီကိုဓဥပဒေ

3K 309 0
                                    


     ~~အပိုင်း-(5)~~

အေးမြတဲ့ရေပြင်အား ဖြတ်သန်းတိုက်ခတ်လာသည့်
လေနုအေးတွေကြား မအေးချမ်းနိုင်သူက သူမ……။

အပြစ်ကင်းစင်လွန်းတဲ့မောင့်ကို
ဘယ်လိုမျက်နှာမျို.းနဲ့ သူမရင်ဆိုင်ရမလဲ??

မောင့်ရဲ့ခါးသီးတဲ့စကားလုံးတွေကိုရော
ဘယ်လိုအင်အားမျို.းနဲ့ သူမနားထောင်ရမလဲ??

မောင်ကအရွဲ့တိုက်တတ်တယ် အဲ့စိတ်ကို
သူမသိပြီးသားမို့ မောင့်ရဲ့မေးခွန်းတွေ ခနဲ့တဲ့တဲ့
စကားသံတွေအား ဖြောင့်ချက်ပေးရန်အလိုငှာ။

စကားလုံးတွေရှာဖွေနေသော်ငြားးး
ရင်ထဲမှာ မွန်းကျပ်တစ်ဆို့လိုနေသည်။

ကားပေါ်မှဆင်းလိုက်သည်နှင့် အေးစက်တုန်ရီ
နေသည့် သူမလက်တွေအား သူမဘာသာခပ်
တင်းတင်းဆုတ်ကိုင်ထားစဉ်………။

လာရောက်ဆုတ်ကိုင်လိုက်သည့် လက်တစ်စုံ။

ဟင့်အင်းးးးမနွေးထွေးဘူးး။

မောင့်ရဲ့ဒေါသတွေနဲ့ စိတ်ဆိုးမာန်ဆိုး ဖျစ်ညှစ်ဆုတ်ကိုင်လိုက်တဲ့ လက်တစ်စုံလောက်တောင်
နွေးထွေးမှုတစ်စုံတစ်ရာ သူမမခံစားမိဘူး။

ခြောက်ကပ်နေသည့် နှုတ်ခမ်းတွေနှင့်အတူ
ခြေလှမ်းတွေက လှမ်းဖို့အဆင့်သင့်ဖြစ်မနေ။

"yeol~~ဘာရပ်လုပ်နေတာလဲ? လာ သွားမယ်လေ"

သူ့ရဲ့သြလျလျစကားသံအချို.့အား ကြားမိပေမဲ့
သူမပြန်မဖြေဖြစ်……။

သူဆွဲခေါ်ရာသို့သာ လိုက်ပါလာခဲ့သည်။

လှမ်းနေတဲ့ ခြေလှမ်းအစုံ ရပ်တန့်ပစ်လိုက်သည်နှင့်
ကျောပေးကာ မတ်တပ်ရပ်နေသည့် မောင်ကခပ်စူးစူးလှည့်ကြသည်……။

မောင်ဆေးလိပ်တွေ ပြန်သောက်နေတာပဲ!

သူမမကြိုက်ဘူးဆို၍ မောင်ဆေးလိပ်ဖြတ်
ထားခဲ့တာ နှစ်နဲ့တောင်ချီနေပြီ။

စိတ်ညစ်တဲ့အချိန်မျို.းတွေမှာပဲ သောက်တာပါလို့
မောင့်အကြောင်းပြချက်ပေးပေမဲ့ သူမဘက်က
လက်မခံခဲ့သည်မို့ နောက်ဆုံးတော့ သူမကိုချစ်လွန်း၍
မောင်ဆေးလိပ်ကို စွန့်လွှတ်ခဲ့သည်။

ဟမ္မူ.ရာဘီကိုဓဥပဒေDonde viven las historias. Descúbrelo ahora