ဟမ္မူ.ရာဘီကိုဓဥပဒေ

3.1K 288 10
                                    

~~ဟမ္မူ.ရာဘီကိုဓဥပဒ~~
   ~~အပိုင်း-(17)~~

Yeol::မင်္ဂလာပွဲ ဘယ်သူ့သဘောနဲ့လဲ?
ဘယ်သူ့ခွင့်ပြုချက်နဲ့ မင်္ဂလာပွဲကို လုပ်ကြမှာလဲ?

Soo::SooတီLuရော တီXingကိုပါ ပြောပြီးသားကိုကို!

Yeol::တီLu တီXing?? အော် ဟော Sooနင်က
တီLuနဲ့တီXing ခွင့်ြ့ပုတာနဲ့ ငါကခွင့်ပြုလိမ့်မယ်လို့
ပိုင်သေတွက်ထားတာပေါ့လေ! ငါလုံးဝခွင့်မပြုဘူး
သဘောလည်းမတူနိုင်ဘူး

Soo::ကိုကိုအဲ့လို မတရားမလုပ်နဲ့! ကိုကိုတုန်းက
Sooကန့်ကွက်ခဲ့သလား? ကဖျက်ယဖျက် လုပ်ခဲ့သလား?? Sooအလှည့်ကျမှ ကိုကိုက အစ်ကိုကြီးအဖအရာဆိုတဲ့ အာဏာသုံးပြီး ပိတ်ပင်ဖို့ကြိုးစားနေတာ အဲ့ဒါကိုကိုတရားသလား?

Yeol::တရားတာတွေ မတရားတာတွေ
ငါမသိဘူးSoo! ငါလုံးဝသဘောမတူဘူး!

Lu::မင်းသဘောမတူလည်း ငါသဘောတူတယ်
Chanyeol!

Yeol::တီLu! ကျေးဇူးပြုပြီး ဝင်မပြောပါနဲ့လား?

Lu::ပြောရတယ် ပြောကိုပြောရမယ်! မင်းကမင်းတုန်းကကျတော့ ဆိုင်းမဆင့်ဘုံမဆင့်
တွေ့ရာမိန်းမကောက်ယူပြီးတော့!

Yeol::Baekကတွေ့ရာမိန်းမမဟုတ်ဘူး တီLu!

Lu::အော ဟော Park Chan Yeolမင်းက
မင်းရဲ့မဟေသီအတွက် သိပ်နာတတ်တာကိုး
အခုပဲ နာရီကြည့် ဘဟ်အချိန်ရှိနေပြီလဲ?
ဘယ်မလဲ မင်းမဟေသီ !

Yeol::ဘာလို့Baekဆီကို မြှားဦးလှည့်လာတာလဲ?
ကျွန်တော်တို့အခုပြောနေတာ Sooကိစ္စလေ!
Sooကိုကျွန်တော် Kim Jong Inနဲ့ လုံးဝသဘော
မတူနိုင်ဘူး တီLu! ဒါကျွန်တော် အပြတ်ပြောတာ!

ကိုကို့ရဲ့ခပ်ပြတ်ပြတ် စကားကြောင့် သူမပြုံးလိုက်ပြီး…။

Soo::ကိုကို သဘောမတူလည်း Sooကတော့
သူ့ကိုလက်ထပ်မှာပဲ! Sooတို့နှစ်ယောက်ရဲ့
အချစ်ခရီးမှာ ကိုက်ို့ရဲ့သဘောတူခြင်း မတူခြင်းက
အဲ့လောက် အရေးမပါဘူး!

Yeol::နင်ကဘယ်သူ့အားကိုးနဲ့ ငါ့ကိုခံပြောနေတာလဲSoo! ဘာလဲ?
Kim Jong Inကိုယုံပြီး အချစ်ရွာကြီး တည်ချင်သေးတာလား? ဦးနှောက်မရှိတဲ့ အလုပ်တွေ လုပ်မနေနဲ့!

Soo::Kim Jong Inကိုချစ်တာ ဦးနှောက်မရှိတဲ့
လုပ်ရက်ဟုတ်လား ကိုကို! ဒါဆို ကိုကို့မိန်းမကလည်း
တော်တော်ဦးနှောက်မရှိခဲ့တာပဲနော်!

ဟမ္မူ.ရာဘီကိုဓဥပဒေWhere stories live. Discover now