ဟမ္မူ.ရာဘီကိုဓဥပဒေ

3.2K 292 4
                                        


     ~~အပိုင်း-(12)~~

တောက်!!!!!!!!!!!!

အိမ်ခန်းတစ်လျှောက် ဟိန်းထွက်လာသည့်
တောက်ခေါက်သံတစ်ခု……။

လက်သီးအားကျစ်ကျစ်ပါအောင် ဆုတ်ရင်း
သူအံကိုသာ တင်းတင်းကြိတ်ထားမိသည်။

မင်းလုပ်ရက်တယ် Byun Baekkie!
ငါ့အပေါ် မင်းတကယ် လုပ်ရက်တယ်။

သွားများပွတ်တိုက်မှုကြောင့် တကျိကျိမြည်သည့်အထိ
သူအံကိုကြိတ်ထားရင်း ဂျောက်ခနဲ တံခါးဖွင့်သံက
နားထဲတိုးဝင်လာသည်……။

ခေါင်းအားမသိမသာ စောင်းငဲ့ကြည့်လိုက်ပြီး…။

"yeol~~ဒါဘယ်ကပြန်လာတာလဲ?"

သူ့အမေးအားBaekမဖြေ။

စလင်းဘတ်အိတ်အား စားပွဲပေါ်ပစ်တင်ပြီး
စားပွဲပေါ်ရှိ ဆေးပုလင်းတွေထဲမှ ဆေးလုံးတွေအား
နှိုက်ယူ ခွက်ထဲထည့်ကာ ဖန်ခွက်ထဲ ရေတစ်ဝက်
သာသာထည့်ပြီး သူ့ထံကမ်းပေးသည်။

"baek~~ရှင်ဆေးသောက်ဖို့ အချိန်ရောက်ပြီ
Park Chan Yeol"

"yeol~~ငါကဆေးတိုက်မယ့် လူမရှိလို့ မင်းကိုမျှော်နေတယ်လို့ မင်းထင်တာလား?"

"baek~~ရှည်ရှည်ဝေးဝေးတွေ ပြောမနေပါနဲ့
ကျွန်မနားချင်ပြီ "

"yeol~~ရည်းစားဟောင်းနဲ့ အလွမ်းသယ်ရတာ
အဲ့လောက်ပင်ပန်းတယ်လား? ချစ်စရာနှစ်ပါးသွား
လေးရော မကခဲ့ဘူးလား?"

"baek~~ရှင် ရှင် ဒါတွေ ဘယ် ဘယ်လိုလုပ်"

ဆောက်တည်ရာမရ သူခိုးလူမိသလို
အနေအထားဖြစ်နေသည့် သူမလက်အား
ဆောင့်ဆွဲလိုက်တာမို့ လက်ထဲကဖန်ခွက်က
ကြမ်းပြင်ပေါ် ခွမ်းခနဲ…။

ဆေးလုံးတွေက အစီအစဉ်မကျစွာ ခုန်ဆင်းလျက်။

"yeol~~ငါဘယ်လိုလုပ်ပြီး သိလဲဟုတ်လား?"

မဲ့ပြုံးပြုံးကာ Wheelchairပေါ်မှ ထရင်း
လက်ကောက်ဝတ်မှ ကိုင်ပြီးဆွဲဆောင့်လိုက်တာမို့
ကုတင်ပေါ် သူမဘုတ်ခနဲ…။

အံ့သြမှုတွေက သူမမျက်နှာမှာအပြည့်…။

ကြောင်ငေးနေသည့် သူမလက်နှစ်ဖက်အား
ခပ်တင်းတင်းဆုတ်ကိုင်လိုက်ပြီး လှုပ်မရအောင်
မွေ့ယာပေါ်မှာ ဆွဲကပ်လိုက်သည်အထိ သူမအသိစိတ်မဝင်သေး……။

ဟမ္မူ.ရာဘီကိုဓဥပဒေDonde viven las historias. Descúbrelo ahora