ဟမ္မူ.ရာဘီကိုဓဥပဒေ

3.1K 239 6
                                        

//ဟမ္မူ.ရာဘီကိုဓဥပဒေ//
    //အပိုင်း=31//

အရင်ရက်တွေလို အစားသိပ်မစားသည့်
Baekကြောင့် ကျွန်တော့်မှာဘာလုပ်ရမည်မသိ။

သူမခံတွင်းတွေ့လိုတွေ့ငြား တစ်မျို.းပြီးတစ်မျို.း
ချက်ပြုတ်ပေးနေရသည်မို့ အလုပ်တောင်မသွားနိုင်။

သို့သော် ကျွန်တော်ရဲ့ပင်ပန်းမှုအားလုံးက
Baekရဲ့မစားချင်ပါဘူး ဆိုသည့်ငြင်းပယ်မှု
အောက်မှာ အချင်းနှီးသာ။

အခုလည်း သူမစားလိုစားငြား ဆန်ပြုတ်လေး
ပြုတ်ကာ ပန်းကန်ကိုင်ပြီး အပေါ်ထပ်သို့ ကျွန်တော်တတ်လာတော့ ပြတင်းပေါက်ဘောင်
အားမေးတင်ကာ ဘာတွေငေးမောနေသည်မသိ။

ကိုင်ထားသည့် ပန်းကန်အား ခုံပေါ်တင်ကာ
သူမရှေ့ခပ်ဝဲဝဲကျနေသည့် လိုက်ကာစတွေအား
လိပ်တင်ပေးလိုက်သည်။

baek//Chanyeollie!

လေးငါးရက်လောက် အစားသိပ်မစားတာမို့
မျက်ဝန်းတွေကအစ ဖျော့တော့လျက်။

ချောင်ကျသွားသည့် မျက်နှာသွယ်သွယ်အား
တယုတယကိုင်ရင်း မျက်ရည်ကဝဲတတ်လာပြန်ပြီ။

//ကိုယ်ဘာလုပ်ပေးရမလဲ Baekရယ်!
မင်းစိတ်ချမ်းသာဖို့ ကိုယ်ဘာလုပ်ပေးရမလဲ//

baek//Chanyeollie ဘာလို့ငိုနေတာလဲ?

ကျွန်မမေးတော့ မျက်ရည်စတွေအား ကပြာကယာသုတ်ပြီး သူပြန်ပြုံးပြကာ
ခေါင်းလေးခါယမ်းပြသည်……။

yeol//မငိုပါဘူး မျက်လုံးထဲဖုန်ဝင်သွားလို့ မျက်ရည်တွေကျလာတာ!

baek//Chanyeollie ကျွန်မကြောက်တယ်။
ကျွန်မတို့ရဲ့ ကလေးလေးကို အဆင်ပြေပြေ မမွေးနိုင်မှာလေ။

yeol//Baek ah! မတွေးပါနဲ့ အဆင်ပြေသွားမှာပါ။

//ကိုယ်လည်းစိုးရိမ်မိတယ်…Baekရယ်//

baek//Chanyeollie

yeol//omm

baek//ကျွန်မကိုရှင်ဘာလို့ချစ်ခဲ့တာလဲဟင်?

yeol//ချစ်ချင်နေလို့ကို ချစ်ခဲ့တာပေါ့Baekရဲ့!

ဆံစတွေအား လက်ချောင်းလေးများဖြင့် သပ်တင်ပေးရင်းကျွန်တော်ဖြေတော့ သူမပြုံးသည်။

ဟမ္မူ.ရာဘီကိုဓဥပဒေDonde viven las historias. Descúbrelo ahora