~~အပိုင်း-(13)~~
ညောင်းချိနေသည့် ခန္ဓာကိုယ်အနေအထားကြောင့်
သူအိပ်ရာမှ နိုးထလာခဲ့သည်……။
သူဘယ်ရောက်နေတာလဲ?
ညကသူလူမှန်းမသိအောင် မူးနေတာပါ။
ရုတ်တရက် ပါးပြင်ပေါ် ဝဲကျလာသည့်
ဆံနွယ်လေးတွေကြောင့် သူမှိတ်ထားသည့်
မျက်ဝန်းတွေအား ဖွင့်ကြည့်မိတော့!
ကူရှင်အားမှီကာ အိပ်နေသည့် Soo!
သူSooပေါင်ပေါ်မှာ အိပ်ပျော်နေတာပဲ!
လှဲနေရာမှ ကုန်းထကာ နေရာတကျပြန်ထိုင်
လိုက်သည်အထိ သူမမနိုးသေး။
သူလည်းမနှိုးဖြစ်။
ဒတ်ရှ်ဘုတ်ပေါ်ရှိ ရေဘူးကိုယူကာ ကားမှန်အပြင်ဘက်သို့ ထွက်ကာ
သန့်စင်လိုက်သည်။
အတော်အတန် အညောင်းအညာ ဖြေပြီးမှ
ကားတံခါးအား ဆွဲဖွင့်ကာ ပြန်ဝင်အထိုင်…။
"soo~~ဟင် အစ်ကို နိုးနေပြီလား?"
မျက်စိအစုံအား လက်ဖြင့်ပွတ်ကာ သူမပြောတော့
သူပြုံးလ်ုက်ပြီး……။
"kai~~ကြာလှပြီ မင်းသာမနိုးသေးတာ"
"soo~~ဟီး အစ်ကိုခေါင်းရော နောက်နေလားဟင်!"
"kai~~အင်း နည်းနည်းပါ ဒါနဲ့ မင်းကဘယ်လိုလုပ်ပြီး
ကိုယါနဲ့အတူရှိနေရတာလဲ?"
"soo~~မမှတ်မိဘူးလား? ညကအစ်ကို မူးနေတာလေ!
ငိုလည်းငိုတယ်! အစ်ကိုမှာ နာကျင်စရာတွေ အဲ့လောက်တောင် များတာလား"
"kai~~ဘဝဆိုတာ နာကျင်ခြင်းမပါရင် ဘယ်ပြည့်စုံပါ့မလဲ? ချစ်တတ်တဲ့သူတိုင်း
နာကျင်ခြင်းကို ခံစားရမှာပဲလေ!"
"soo~~omm"
"kai~~မင်းကိုဇာတ်လမ်းတစ်ခု ပြောပြမယ်!
ဥပမာ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်ဆိုပါတော့
အဲ့ချစ်သူနှစ်ဦးထဲက ကောင်မလေးက အခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်သွားတယ်!
လက်ထပ်သွားတဲ့သူကလညါး ကောင်လေးရဲ့ ပြိုင်ဘက်!
အဲ့တော့ ကောင်လေးက မကျေနပ်လို့ တုံ့ပြန်တယ်!
အဲ့ဒီလူသုံးယောက်မှာ ဘယ်သူမှားသလဲ?"
BẠN ĐANG ĐỌC
ဟမ္မူ.ရာဘီကိုဓဥပဒေ
Fanfictionအညှိုးအတေးကြီးလွန်းတဲ့ Kim Jong In^ လိုချင်တာကို မရရအောင် ယူတတ်တဲ့ Park Chan Yeol^ အချစ်နဲ့အိမ်ထောင်ရေးကြား ဗြာများနေတဲ့ Byun Baekkie^ ချစ်တတ်လွန်းတဲ့ Soo^ အချစ်/အမုန်း/အတ္တ/မာန/ပြိုင်ဆိုင်မှုကြားက သူတို့လေးယောက်ရဲ့ အဆုံးသတ်က....???
