ဟမ္မူ.ရာဘီကိုဓဥပဒေ

3K 284 2
                                        


     ~~အပိုင်း-(9)~~

ချစ်ရသူလက်အား ဆုတ်ကိုင်ထားတဲ့အချိန်က
သူမအတွက်တော့ ကမ္ဘာတစ်ခြမ်းအား ပိုင်ဆိုင်ထားသလိုပင်…။

နွေးထွေးလွန်းလှတဲ့ အစ်ကို့လက်ကလေး
တွေအား ဆုတ်ကိုင်ရင်း သူမပျော်မဆုံး
မော်မဆုံးဖြစ်နေရသည်လေ……။

ဘေးတိုက်မြင်နေရတဲ့ အစ်ကို့အပြုံးတွေအား
မြင်မိလျှင် ကောင်းကင်ထက်က ကြယ်လေးတွေတောင်
သိမ်ငယ်ပြီး တိမ်တိုက်ကြားထဲ ပုန်းခိုဝင်ရောက်ကြမည်
ထင်သည်…………။

အစ်ကို သိပ်ချောလွန်းတယ်။

မျက်တောင်မခတ်တမ်း ငေးမောနေစဉ်
လက်ကလေးတစ်ဖက်က မျက်စိရှေ့
လာရောက် ကာကွယ်လိုက်သည်မို့…။

နှုတ်ခမ်းလေးဆူကာ ထိုလက်ကလေးအား
ဖယ်ထုတ်ဆုတ်ကိုင်ရင်း……။

"soo~~wae? သူများကြည့်နေတာကို"

"kai~~တော်သင့်ပြီလေ ပြောတော့
ကြယ်လေးတွေကို ကြည့်ချင်တာဆို"

"soo~~innလေ အခုလည်း ကြယ်လေးကို
ကြည့်နေတာပဲကို"

"kai~~တွေ့ပြီလား?"

"soo~~အင်း တွေ့ပြီ"

"kai~~ဘယ်လိုနေလဲ?"

"soo~~အရမ်းချောတယ်"

"kai~~မမြင်ဖူးတဲ့လူကျနေတာပဲ ငေးနေလိုက်တာ"

"soo~~လွမ်းနေခဲ့တာ နှစ်ပေါင်းများစွာ
ခိုးခိုးကြည့်နေကျ မျက်နှာလေးကို"

"kai~~ဟားဟ"

"soo~~ဘာရယ်တာလဲ? လူကိုလှောင်တာလား?"

"kai~~မလှောင်ပါဘူး ဒီမယ် Sooအချစ်ဆိုတာ
တကယ်တော့ အလကားပါ အချိန်တန်တော့
ထားခဲ့တာပဲ"

"soo~~ထားခဲ့တယ် အစ်ကိုက ထားခဲ့ခံရဖူးလို့လား?"

"kai~~ဆိုပါတော့ သိပ်ချစ်ခဲ့ဖူးတယ် အသည်းတွေပေါက်ထွက် မတတ်ပဲ!
ရူးသွပ်ခဲ့ဖူးတယ် နောက်ဆုံးတော့လည်း
အရာအားလုံးက ပြီးဆုံးသွားတာပါပဲ"

"soo~~အစ်ကို့မှာ ချစ်သူရှိနေခဲ့တာလား?"

"kai~~တစ်ချိန်ကပါ အခုတော့ပြတ်သွားပြီ"

"soo~~အဲ့ဒီ့မိန်းကလေးက ကံကောင်းလိုက်
တာနော် "

*soo prov~~sooမရတဲ့ အစ်ကို့အချစ်ကို ပိုင်ဆိုင်ခွင့်ရတယ်လေ*

ဟမ္မူ.ရာဘီကိုဓဥပဒေOù les histoires vivent. Découvrez maintenant