~~ဟမ္မူ.ရာဘီကိုဓဥပဒေ~~
~~အပိုင်း-(18)~~
ညီညာဖြောင့်ဖြူ.းနေသည့် လမ်းတစ်လျှောက်
တရေးရေး ပြေးလွှားနေသည့် ကားလေးတစ်စီး။
စိတ်မပါလက်မပါ ကားအားမောင်းနေရင်း
ကားမှန်မှ ပြင်ပရှုခင်းတွေအား ငေးမောနေသည့်
Baekအား မသိမသာငေးကြည့်မိသည်။
ဖွင့်ထားသည့် ကားမှန်မှ အတွင်းထဲသို့
တိုးဝင်တိုက်ခတ်နေသည့် လေနုအေးတွေကြောင့်
ဝဲလွင့်နေသည့် ဆံနွယ်လေးတွေမှ shampooနံ့
သင်းသင်းလေးအား မသိမသာနမ်းရှိုက်နေစဉ်...။
"soo~~ခ်ခ် ဟာ အကို ယားတယ်လို့ ခ်ခ်"
နောက်ခန်းဆီမှ ပျံ့လွင့်လာသည့် ရယ်သံတစ်ခု။
Backမှန်မှ မြင်နေရသော်ငြား သူမကြည့်ဖြစ်။
Baekမျက်နှာကိုသာ မသိမသာ အကဲခတ်ကြည့်လိုက်သည်...။
တမင်တကာပဲလား? ရည်ရွယ်ချက်ရှိရှိ
အရွဲ့တိုက်နေသည့် Kim Jong Inရဲ့
လက်နက်တွေကို Baekတောင့်ခံနိုင်ပါ့မလား??
ဘဟ်လိုပင် အပြင်ကိုငေးကြည့်နေသော်ငြား
မှန်ထဲကတော့ သူတို့ပုံရိပ်ကို မြင်ရမှာပဲလေ...။
Baekကိုသနားမိပေမဲ့ Kim Jong In
သည်လိုအရွဲ့တိုက်နေတာကို သူသဘောကျမိသည်။
ဆက်သာလုပ်Kim Jong In!
မင်းကိုစိတ်နာမှ Baekရင်ထဲမှာ ငါ့အတွက်
အချစ်ဆိုတာ ဖြစ်တည်လာမှာ......။
မင်းကငါ့အတွက်တော့ အကောင်းဆုံး
ခုတုံးပဲ ဟားဟား!!
မောင်နဲ့Sooအတူပျော်နေတာကို Baekသဘောမကျဘူးဆိုရင်
Baekမတရားရာများ ကျမလားမောင်!
Baekမခံစားနိုင်ဘူး အမှန်အတိုင်း ဝန်ခံရရင်
Baekရင်တွေနာနေတယ်မောင်!!
အဲ့ဒါကြောင့်လည်း Baekမျက်နှာလွှဲထားခဲ့တာ!!
ဒါပေမဲ့ မောင်!
Baekမြင်နေရတယ်!
Baekကို အရွဲ့တိုက်ချင်တဲ့ မောင့်ရဲ့ကလေးဆန်တဲ့
စိတ်တွေ......။
စိတ်မပါလက်မပါ ပြုံးရယ်နေတဲ့ မောင့်နှုတ်ခမ်းတွေ။
Baekထင်တာသာ မမှားဘူးဆိုရင်
Baekနာကျင်တာနဲ့ထပ်တူ မောင်လည်း
အခုနာကျင်နေတယ်.........။
BẠN ĐANG ĐỌC
ဟမ္မူ.ရာဘီကိုဓဥပဒေ
Fanfictionအညှိုးအတေးကြီးလွန်းတဲ့ Kim Jong In^ လိုချင်တာကို မရရအောင် ယူတတ်တဲ့ Park Chan Yeol^ အချစ်နဲ့အိမ်ထောင်ရေးကြား ဗြာများနေတဲ့ Byun Baekkie^ ချစ်တတ်လွန်းတဲ့ Soo^ အချစ်/အမုန်း/အတ္တ/မာန/ပြိုင်ဆိုင်မှုကြားက သူတို့လေးယောက်ရဲ့ အဆုံးသတ်က....???
