ဟမ္မူ.ရာဘီကိုဓဥပဒေ

2.6K 250 1
                                    

~~ဟမ္မူ.ရာဘီကိုဓဥပဒေ~~
   ~~အပိုင်း-(19)~~

"baek--Park Chan Yeol! Park Chanyeol
ကျွန်မခေါ်နေတာ ကြားလား?"

ဟင့်အင်း မကြားချင်ဘူး!

မင်းပြောနေတဲ့စကားတွေ ဘာတစ်ခုမှ ကိုယ်မကြားပါရစေနဲ့ Baekရယ်!

"baek--yarr Park Chan Yeol"

ကိုယ်မင်းကို ကွာရှင်းမပေးနိုင်ဘူး!

မင်းကိုကိုယ့်အနားက ထွက်မသွားစေချင်ဘူး!

"yeol--ကွာမပေးနိုင်ဘူး ဟင့်အင်း ကွာရှင်းမပေးနိုင်ဘူး"

ကျယ်လောင်လှသည့် အော်ဟစ်သံနှင့်အတူ
သူအိပ်မက်ဆိုးမှ လန့်နိုးလာခဲ့သည်။

"yeol--Baek"

ကုတင်ဘေး မတ်တပ်ရပ်ကာ မျက်လုံးအပြူ.းသားလေးနှင့် ငေးကြည့်နေသည့်
Baekကိုယ်လုံးလုံးလေးအား ခါးမှဖက်တွယ်ကာ
Baekရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ရင်း လွတ်ထွက်သွားမှာစိုးသည့်အလား သူအတင်းအကျပ်
ဖက်ထားမိသည်။

"yeol--Khajima! မင်းမရှိရင် ကိုယ်ရူးလိမ့်မယ်"

"baek--Chanyeol shi! ညနေစောင်းကြီး အိပ်လိုက်တော့ အိပ်မက်ဆိုးတွေ မက်နေတာ
ဖြစ်မှာပါ! ခဏလေး ကျွန်မရေသွားယူ"

"yeol--arrnyi ကိုယ့်အနားက ထွက်မသွားပါနဲ့"

"baek--ရှင်ရေသောက်လိုက်ပါ အဲ့ဒါမှ ရှင့်စိတ်တွေအေးချမ်းသွားမှာပေါ့"

"yeol--မင်းရှိနေတာနဲ့တင် ကိုယ့်ဘဝက အေးချမ်းပြီးသားပါ"

သူ့စကားကြောင့် သူမမျက်နှာလွှဲကာ
ဘေးနားကစားပွဲပေါ်ရှိ Tissueဘူးထဲမှ
Tissueတစ်ခုအား လှမ်းယူကာ သူ့နဖူးပေါ်
တင်ရစ်နေသည့် ဇောချွေးတွေအား
သုတ်ပေးရှာသည်။

"yeol--gomawow"

"baek--ဘာအတွက်လဲ?"

"yeol--အခုလို အနားမှာရှိပေးတဲ့အတွက်လေ"

"baek--ဒါကကျွန်မတာဝန်ပဲလေ!
ရှင့်အပေါ်တင်နေတဲ့ ကျွန်မအကြွေးတွေမှ
မကျေသေးတာ"

ဘာရယ်မဟုတ် ခပ်အေးအေးပြောလိုက်သည့်
စကားပင်ဖြစ်သော်ငြား သူ့အတွက်တော့ အဆိပ်ဆူးတစ်ချောင်းအလား!!

ရင်ထဲက ဆစ်ကနဲ!

ဖက်တွယ်ထားသည့် လက်တွေအား
ဖြေလွှတ်လိုက်ပြီး…။

ဟမ္မူ.ရာဘီကိုဓဥပဒေWhere stories live. Discover now