ဟမ္မူ.ရာဘီကိုဓဥပဒေ

4.2K 351 1
                                        


~~အပိုင်း(2)~~

အလုပ်ရပြီမို့ သူမပျော်၍မဆုံး။

မေမေ့ဆေးဖိုးအတွက်လည်း ကာမိသလို
မောင့်အတွက် အနွေးထည်လှလှလေး
တစ်ထည်လောက်လည်း ဝယ်ပေးနိုင်တော့
မည်မို့ သူမပို၍ပျော်မဆုံးနိုင်ပေ.........။

ချစ်သူဆိုတာ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေကို
ရင်ဖွင့်ရာ စာအုပ်တစ်အုပ်လို့ သူမသတ်မှတ်သည်။

တကယ်ချစ်လျှင် နားလည်မှုဆိုတာ
မရှိမဖြစ်အရေးအပါဆုံးလေ.........။

သူမအလုပ်လုပ်တာ မောင်ကမနှစ်မြို့ပေမဲ့
ဘာပဲဖြစ်ဖြစ် သူမမောင့်ကို အသိလေးတော့
ပေးသင့်သည်မဟုတ်လား??

Fileလေးတွေအား ကိုင်ကာ ပြုံးစိစိလုပ်ရင်း
မောင့်ထံphခေါ်လိုက်သည်............။

သူမphကြောင့် မောင်အနှောင့်အယှက်
အနည်းငယ်တော့ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဘာလို့လဲဆိုတော့ ကျွန်မအသက်တမျှ
ချစ်ရပါသောမောင်က ဒီအချိန်ဆို ကောင်းကောင်းကြီး
စက်တော်ခေါ်နေမှာ မလွဲပေ......။

တိတ်ဆိတ်သည့် အခန်းအတွင်း သူ့မျက်ဝန်းတွေက
မီးတောက်တွေအလား.........။

မေးရိုးတွေထောင်နေသည်အထိ အံကိုတင်းတင်း
ကြိတ်ကာ မျက်နှာအောက်ချပြီး လက်သီးကိုသာ
ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်......။

"jongdae~~ဒယ်ဒီ့ကို သားနားလည်မယ်လို့
မျှော်လင့်တယ် Jong In"

နားလည်ရမယ် ။

ငါအဖေဆိုပြီး လုပ်ချင်ရာလုပ်ပြီးမှ
တောင်းတဲ့နားလည်မှု တောက်!!

"kai~~ဒယ်ဒီက ကျွန်တော့်ကို အသိပေးတာမလား?
တိုင်ပင်နေတာမဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့ နားလည်ခြင်း နားမလည်ခြင်းက ဒယ်ဒီ့အတွက်
အရေးပါမယ်လို့ ကျွန်တော်မထင်ဘူး"

"jongdae~~Jong In ya! ဒယ်ဒီ့မှာ သားတစ်ယောက်ပဲရှိတာလေကွာ သားကအခုလို အရွဲ့တိုက်နေတော့ ဘယ်လိုလုပ်ပြီး "

"kai~~ကျွန်တော်အရွဲ့တိုက်တာ မဟုတ်ဘူး
ဒယ်ဒီ! လူတိုင်းက ကိုယ်လုပ်ချင်တာ လုပ်နေကြ
တာချည်းပဲ ဒယ်ဒီ့စိတ်ကိုလည်း ကျွန်တော်မပိုင်
သလို ကျွန်တော့်စိတ်ကိုလည်း ဒယ်ဒီ့မပိုင်ဘူး"

ဟမ္မူ.ရာဘီကိုဓဥပဒေDonde viven las historias. Descúbrelo ahora