ဟမ္မူ.ရာဘီကိုဓဥပဒေ

2.8K 226 1
                                        

//ဟမ္မူ.ရာဘီကိုဓဥပဒေ//
     //အပိုင်း=28//

စောစောက စကားသံတွေပြည့်နှက်နေသည့်
ဧည့်ခန်းလေးက အခုတော့တိတ်ဆိတ်လျက်။

မျက်နှာချင်းဆိုင်ထိုင်ကာ သူမရော ကျွန်တော်ပါစကားမပြောဖြစ်ကြသေး…။

ထိုတိတ်ဆိတ်မှုအား စတင်ဖြိုခွင်းလိုက်သူက
ကျွန်တော်……။

kai//ဘာလို့လဲ?

baek//ဘာကိုပြောတာလဲ?

kai//ဘာလို့အခုထိ ကိုယ့်ကိုမမေ့နိုင်သေးတာလဲ?

baek//ရှင့်ကိုလား မေ့သွားခဲ့တာ ကြာပြီKim Jong In!
ကျွန်မရင်ထဲမှာ အမြဲရှ်နေတာ ရှင်မဟုတ်ဘူး
ကျွန်မသိပ်ချစ်တဲ့မောင်!

kai//တော်ပါတော့ ကျေးဇူးပြုပြီး အဲ့အချစ်တွေ
Park Chan Yeolအတွက် တဖန်ပြန်လည်မွေးဖွား
ပေးလိုက်ပါ!

baek//အိမ်တစ်အိမ်မှာ ယောက်ျားပေါင်းများစွာ
ဆံ့ချင်ဆံ့လိမ့်မယ် မိန်းမတစ်ယောက်ရဲ့နှလုံးအိမ်မှာ
တော့ ယောက်ျားတစ်ယောက်စာ နေရာပဲရှိတယ် အဲ့ဒါရှင်နားလည်ထား။

မျက်ရည်ဝေ့သီနေသည့် မျက်ဝန်းစမ်းများဖြငိ့
ကြည့်ကာ လှမ်းထွက်သွားသည့် သူမ။

Baekရယ်…မင်းပြောခဲ့တဲ့ မင်းနှလုံးသားထဲက
ယောက်ျားတစ်ယောက်စာ နေရာကို Park Chanyeolအတွက် ပေးလိုက်ပါလားကွာ!

အခုတော့………။

ဝမ်းနည်းမှုအား ဖြေဖျောက်ရန် အလို့ငှာ
ရေခဲသေတ္တာထဲမှ ရေဘူးအားယူကာ
သူမမော့သောက်လိုက်သည်။

သို့သော် အစဉ်မပြေလှ။

သောက်သမျှရေအားလုံးက လည်ချောင်းဝ၌
တစ်ဆို့ကာ ပြန်ပြီးအန်ချင်သလိုလို။

ပျို.့တတ်လာသည်မို့ ရင်ဘတ်အားဖိကာ
သူမဘေစင်တွင် အန်ချပစ်လိုက်သည်။

စိတ်သာရှိပြီး အစာမရှိသည်မို့ လေနဲ့တတွေး
ကလွဲပြီး ဘာမှထွက်မလာ……။

baek//ဝေါ့

မောဟိုက်လာသည့် ရင်အစုံက အနိမ့်အမြင့်
မမှန်ချင်တော့……။

မူးဝေနေသည့် ခေါင်းတွေအား လက်ဖြင့်
ထိန်းကိုင်ကာ လဲမကျစေရန် အားတင်းနေရစဉ်…။

ဟမ္မူ.ရာဘီကိုဓဥပဒေМесто, где живут истории. Откройте их для себя