8: Confusions....

2.4K 303 41
                                    

#Jongin...ငါဒီနေ့ကျောင်းမလာဘူး

စောစောစီးစီးဖုန်းကိုဖွင့်လိုက်မိရာတွေ့ရသော Sehun ဆီမှ စာတိုတစ်ကြောင်း။ ဘာကြောင့်ရယ်လဲမပြောပဲနှင့် ဒီလိုကရော်ကမယ် လုပ်သွားပုံကမဟုတ်သေး။ တွေ့ရလျင် မှတ်သားလောက်အောင်ကို ဆုံးမရဦးမည်။

"ဟာ....Oh Sehunရယ်....အာ့တာဆို ငါကဘယ်မှာ အလေသွားလိုက်ရမှာလဲ လဒရဲ့..."

Jongin ကျောင်းပေါက်ဝက အမှိုက်ပုံးကို ဆောင့်ကန်ကာအော်မိတော့သည်။

#တီ...တီ

ကျနော့် အိတ်ထဲမှမြည်နေသောဖုန်းကို ထုတ်ကြည့်လိုက်သည်။ Jongin ဆီကတဲ့..... ကျနော်ဖုန်းကိုစက်ပိတ်ကာ ပြန်ထည့်မိ၏။ ယခုအချိန်တွင်က သူနှင့်စကားပြောဖို့နေနေသာသာ ဝိဥာဉ်မလွင့်အောင်ပင်မနည်းထိန်းနေရသော အနေအထားဖြစ်သည်။

သစ်ရွက်ကြွေများဖုံးနေသည့်လမ်းကလေးကို ဖြတ်လာတော့လမ်းဆုံက ကော်ဖီဆိုင်ကလေးကို တွေ့ရသည်။ ကျနော် တံတွေးမျိုချရင်း ကြောက်စိတ်ကိုထိန်းကာ ဆိုင်ထဲဝင်ခဲ့၏။

ဆိုင်ထဲရောက်သော် အနက်ရောင်ကုတ်အင်္ကျီရှည် ဝတ်ထားသော လူကြီးကကျနော့်ကိုပြုံးပြသည်။ ထိုသူက KJ Group၏ ဥက္ကဌကြီး သို့မဟုတ် Kim Jongin ၏အဖေပင်။

"တွေ့ရတာဝမ်းသာပါတယ် ကျနော် Oh Sehun ပါ"

"ဦးကိုတော့သိမယ်ထင်ပါတယ် Jongin အဖေပါ"

သူကတည်ငြိမ်စွာဆိုသည်။ ယခုကျနော့်ပုံစံကို တစ်ခွန်းထဲနှင့်မြင်အောင်ပြောရပါလျင် ဒရာမာဇာတ်လမ်းများထဲက မင်းသားအဖေနှင့် လာတွေ့ရသော မင်းသမီးလိုပင်ဖြစ်သည်။

မေမေကြည့်သော ထိုဇာတ်လမ်းများတွင် သည်အခန်းမျိုးပါတိုင်းကျနော်က အလွတ်ရနေပြီဟု လှောင်လေ့ရှိသော်လဲ လက်တွေ့တွင်က ဒူးတုန်အောင်ကြောက်နေပြီ။ ကျနော်တို့ပတ်သတ်မှုကိုသိသွားပြီလား တွေးကြောက်မိ၏။

"Jongin နဲ့ငယ်ငယ်ထဲက သူငယ်ချင်းတွေဆို"

"nae"

"ဩော်....သားကိုခင်ပေးတဲ့အတွက်ကျေးဇူးပါကွယ်"

"ah....မလိုပါဘူး ခင်ဗျ"

WallsTempat cerita menjadi hidup. Temukan sekarang