playboy....(chapter 1)

8.7K 260 8
                                    

Playboy.. ..(chapter-1)
==================

------------------------------------------------------
အချစ်​သည်​တိမ်​မြုပ်​​ပျောက်​ကွယ်​မှု အသွင်​မ​ဆောင်​နိုင်​လျှင်​ ကျွန်​​တော့်​နှလုံးသားကို ကျွန်​​တော်​ကိုယ်​တိုင်​ဆူးဖြစ်​ဝန်းရံလိုက်​ပါမည်​။
#​တေဇာမိုး
------------------------------------------------------
မစူးရှလွန်းလှ​ပေမဲ့...သစ်​လွင်​​တောက်​ပ​နေသည့်​ ခရမ်း​ရောင်​မာကျူရီမီးလင်း​နေ​သော အခန်းတစ်​ခုအတွင်း စူးရှရှ ဝိုင်​နီတစ်​ခွက်​ကို လျှာဖျား​ပေါ်တင်​ကာ အရသာခံရင်း ဖြစ်​​ပေါ်လာမည့်​​နောက်​ဆက်​တွဲအ​ခြေအ​နေကိုကျွန်​​တော်​ခန့်​မှန်း​နေမိသည်​။၁၀​ပေပတ်​လည်​အခန်းအတွင်း နှစ်​​ယောက်​အိပ်​​ရေမြုပ်​​မွေ့ရာနှင့်​ဆိုဖာဆက်​တီ တစ်​လုံးသာရှိသည်​။မမှိန်​မ​ဖျော့​သော်​လဲ မဆူးရှလှသည့်​မီးအလင်း​ရောင်​​ကြောင့်​ အရာအားလုံးက ​ခြောက်​ခြားသ​ယောင်​ရှိလှ​ပေမဲ့ ကျွန်​​တော်​ကြိုက်​နှစ်​သက်​သည်​။

လွန်​ခဲ့​သော နှစ်​များတွင်​က ကျွန်​​တော်​နှစ်​သက်​မိသည်​က အဖြူ​ရောင်​.....အဖြူ​ရောင်​ကိုမှ ဖြူစင်​လွန်းလျှင်​ကျွန်​​တော်​ကပို၍နှစ်​သက်​သည်​။သို့ရာတွင်​ အဖြူ​ရောင်​သည်​ စွန်းထင်းလွယ်​လွန်းသည်​။စွန်း​စေချင်​သည့်​ အ​ကြောင်းတရား​ပေါင်းကလဲများပြားလှသည်​။ထိုသည်​ကိုသိရှိပြီး​နောက်​ ကျွန်​​တော်​အဖြူ​ရောင်​ကိုမုန်းတီးမိသွားသည်​။အညစ်​​ပေမလွယ်​လှသည်​မဟုတ်​ပဲ....ကိုယ်​ကိုယ်​တိုင်​ညစ်​​ပေ​သည့်​ အနက်​​ရောင်​၊ခရမ်း​ရောင်​၊အညို​ရောင်​ တို့ဘက်​သို့ကျွန်​​တော်​အကြိုက်​က​ပြောင်းလဲကာသွားသည်​။

'ကျွီ'.....

ရေချိုးခန်းတံခါးတွန်းဖွင့်​သံကြားသည်​နှင့်​.....​ခြေချိတ်​၍ထိုင်​​နေ​သောကျွန်​​တော့်​​ခြေ​ထောက်​ကို ပြန်​၍သိမ်းရုတ်​ကာ....ကိုယ်​ကို​ဖြေ​လျော့ထိုင်​လိုက်​သည်​။တစ်​လှမ်းခြင်းလှမ်းလာ​သော သူ၏​ခြေသံတစ်​ရှပ်​ရှပ်​ကို နားစိုက်​မိသည်​နှင့်​ သူ၏ကာမတဏှာအတိမ်​အနက်​ကိုကျွန်​​တော်​ခန့်​မှန်းမိသည်​။သူ၏မျက်​ဝန်းသည်​ ခရမ်း​ရောင်​မီး​ရောင်​​အောက်​တွင်​ စူးရှစွာနီရဲ​နေသည်​။နဖူး​ကျော နားထင်​​ကျောများက သိသာထင်​ရှားစွာတင်းမာ၍​နေသည်​။ကျယ်​ပြန့်​​သောရင်​အုပ်​ကြားမှ အ​မွှေးနုများက တစ်​ဖက်​သား၏စိတ်​ဆန္ဒကို တဏှာ​ရေယာဉ်​​ကျောတွင်​​ခေါ်​ဆောင်​ရန်​အချက်​​ပေး​နေပါသည်​။သူက ခါးတွင်​ပတ်​ထား​သော အဖြူ​ရောင်​ သဘက်​ကိုအနည်းငယ်​​ဖြေ​လျှော့ကာ....ကျွန်​​တော့်​အနားသို့ချဉ်းကပ်​လာသည်​။.....အဖြူ​ရောင်​ ထိုအဖြူ​ရောင်​ကိုမြင်​ရသည်​နှင့်​ကျွန်​​တော်​ သက်​မမြှင်းမြှင်းချကာ မတ်​တပ်​ထရပ်​လိုက်​သည်​။

Playboy....Where stories live. Discover now